Google + တွင်ပါဝင်သည့်သေးငယ်ပြီး အလွန်အသုံးတည့်တည့်အချက်(၁၀) ချက်

Google ကလွှင့်တင်လိုက်တဲ့ Google+ လူမှုရေးကွန်ရက်ဝက်ဘ်ဆိုက်မှာ Circles, Google Takeout, Sparks စသည်တို့ အပါအဝင် အလွန်ကောင်းမွန်တဲ့ feature တွေ ပါဝင်လာပါတယ်။ ဒီ feature တွေကို အသုံးပြုသူ အားလုံးနီးပါး သိပြီးသားဖြစ်ပေမယ့် သေးငယ်ပြီး အလွန်အသုံးတည့်တဲ့ အခြား feature တွေလည်း Google+ လူမှုရေးကွန်ရက်ဝက်ဘ်ဆိုက်မှာ ရှိနေပါသေးတယ်။ ဒါကြောင့် သေးငယ်ပြီး အလွန်အသုံးတည့်စေမယ့်အချက် (၁၀)ချက်ကို ဖော်ပြလိုက်ပါတယ်။

(၁) ဓာတ်ပုံများကို ဖုန်းမှ အလိုအလျောက် Upload လုပ်ခြင်း။

Google+ Android app ရဲ့ setting မှာ lnstant Upload ကို enable ပြုလုပ်ခြင်းဟာ သင့်ရဲ့ဖုန်းနဲ့ Google+ အသုံးပြုနည်းကို လုံးဝပြောင်းလဲသွားစေပါတယ်။ ရိုက်ကူးထားသမျှ ဓာတ်ပုံများကို Google+ ရဲ့ ကိုယ်ပိုင် အယ်လ်ဘမ်မှာ တစ်ပြိုင်နက် sync ပြုလုပ်ပေးနိုင်ပါတယ်။ Click တစ်ချက်နှိပ်ရုံနဲ့ ဝေမျှမှုများကို ပြုလုပ်နိုင်ပြီး ဝေမျှလိုခြင်းမရှိတဲ့ အရာတွေကိုလည်း ဖုန်းရှိ သိုလှောင်မှုအတွင်း ရှာဖွေကာ ပြုလုပ်ထားနိုင်ပါတယ်။

(၂) Picasa တွင် ဓာတ်ပုံများကို အကန့်အသတ်မရှိ သိုလှောင်ထားနိုင်ခြင်း။

Google+ ကို အသုံးပြုသူများရဲ့ ဓာတ်ပုံဝေမျှမှု ပြုလုပ်နိုင်တဲ့ နေရာတစ်ခုအဖြစ် အသုံးပြုနိုင်ပါတယ်။ Picasa မှာ ဓာတ်ပုံသိုလှောင်မှုအတွက် အကန့်အသတ်မရှိ ထောက်ပံ့ပေးထားတာကြောင့် Google+ အသုံးပြုသူများအနေနဲ့ ဓာတ်ပုံများ ရိုက်ကူးခြင်းနဲ့ ဝေမျှခြင်းတို့ကို အထပ်ထပ်အခါခါ ပြုလ်ုနိုင်ပါတယ်။

(၃) ဓာတ်ပုံများကို လွယ်ကူလျင်မြန်စွာ ပြင်ဆင်နိုင်ခြင်း။

Google+ မှာပါဝင်တဲ့ ဓာတ်ပုံများကို စစ်ထုတ်ခြင်းနဲ့ ပြင်ဆင်ခြင်း feature တွေဟာ အလွန်အသုံးတည့်ပါတယ်။ ဓာတ်ပုံတစ်ပုံရဲ့ အောက်ဘက်မှာ Action ခလုတ်၊ ဓာတ်ပုံကို လှည့်နိုင်မယ့် ratation tool တွေအပြင် Editing Photo တို့ ပါဝင်လာပါတယ်။ ညာဘက်ခြမ်းမှာ ရှိတဲ့ ဓာတ်ပုံပြင်ဆင်နိုင်မယ့် sidebar pops up မှာ အဖြူအမည်း၊ auto-color နဲ့ auto-constrast တို့ဖြင့် ပြင်ဆင်နိုင်ပြီး ဓာတ်ပုံနဲ့ ပတ်သက်ပြီး အတွေ့အကြုံမရှိသူများ အနေနဲ့လည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံရဲ့အလင်းနဲ့ အရောင်ကို မှန်ကန်စွာ ချိန်ညှိပေးမယ့် l’m Feeling Lucky ခလုတ်ကလည်း အလွန်အသုံးတည့်စေပါတယ်။

(၄) Google Profiles ဖြင့် ရှာဖွေမှုများ ပြုလုပ်နိုင်ခြင်း။

Google+ အသုံးပြုသူများဟာ တိကျပြည့်စုံတဲ့ Profiles တွေကို ချိတ်ဆက်ခြင်းနဲ့ ရှာဖွေခြင်းတို့အတွက် Google မှ အစောပိုင်းက ထောက်ပံ့ပေးထားတဲ့ Google Profiles ကို အခြေခံ tool အဖြစ် သုံးနိုင်ပါတယ်။

(၅) Built-in keyboard shortcut ဖြင့် သုံးနိုင်ခြင်း။

Google ရဲ့ အခြားထုတ်ကုန်တွေလိုပဲ Google+ မှာပါတဲ့ built-in keyboard shortcut ဟာ stream item များကို ဖတ်ရှုခြင်း၊ Post အသစ် ဖန်တီးခြင်းနဲ့ navigate လုပ်ခြင်းတို့ကို mouse နဲ့ trackpad မလိုဘဲ သုံးနိုင်ပါတယ်။

(၆) YouTube ဗီဒီယိုကို တစ်ပြိုင်နက်ကြည့်ရှုနိုင်ခြင်း။

Google+ ရဲ့ group video chat Hangout ဟာ အသုံးပြုသူရဲ့ အာရုံစိုက်ခံရမှု အများဆုံးရရှိတဲ့ feature တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် Skpe group chat ကဲ့သို့ လုပ်ဆောင်နိုင်တဲ့ Hangout ဟာ YouTube ဗီဒီယိုကို တစ်ပြိုင်နက်ကြည့်ရှုစေနိုင်ပြီး မှတ်ချက်ပေးခြင်းကိုလည်း စာသား၊ အသံတို့ဖြင့် ပြုလုပ်နိုင် ပါတယ်။

(၇) Drag-and-drop ဖြင့် ဝေမျှခြင်း။

Facebook နဲ့ Twitter တို့မှာ ဝက်ဘ်စာမျက်နှာများကို ဝေမျှလိုတဲ့အခါ link များကို copy လုပ်ပြီး ဝေမျှရပါတယ်။ ဒါပေမယ့် Google+ မှာ ဝေမျှမှု ပြုလုပ်တဲ့အခါ ဓာတ်ပုံ၊ link နဲ့ YouTube ဗီဒီယိုစသည်တို့ကို drag လုပ်ရုံနဲ့ ဝေမျှနိုင်ပါတယ်။

(၈) ဘက်စုံသုံးနိုင်တဲ့ Google toolbar ပါဝင်ခြင်း။

Google+ ကိုစတင်အသုံးပြုပြီဆိုတာနဲ့ Google Web Service အားလုံးနီးပါးကို ဖော်ပြပေးမယ့် အနက်ရောင် Google Toolbar ကို window တိုင်းရဲ့ ထိပ်ဘက်ပိုင်းမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ယင်း toolbar ဟာ Google+ stream တွင် လျင်မြန်စွာတင်ခြင်း၊ အသုံးပြုသူရဲ့ Google+ profile ကို လျင်မြန်စွာ ကြည့်ရှုနိုင်ခြင်း တို့ကို ပြုလုပ်နိုင်ပါတယ်။

(၉) အသုံးတည့်စေမည့် chat client ပါဝင်ခြင်း။

Google+ မှာ Gmail တွင် ထည့်သွင်းပေးထားသကဲ့သို့ built-in Gmail/AlM chat window ကို ဘယ်ဘက်ထောင့်မှာထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် chatting ပြုလုပ်ခြင်းနဲ့ အခမဲ့ဖုန်းခေါ်ဆိုမှုတို့ကို ပြုလုပ်လိုတဲ့အခါမှာ Gmail သို့ သွားစရာမလိုဘဲ Google+ ကနေပြုလုပ်နိုင်ပါတယ်။

(၁၀) တင်ပြီးသားပို့စ်များကို ပြင်ဆင်နိုင်ခြင်း။

Twitter နဲ့ Facebook အပါအဝင် လူမှုရေးကွန်ရက်ဝက်ဘ်ဆိုက် အတော်များများမှာ ပို့စ်တစ်ခုတင်လိုက်တဲ့အခါမှာ စကားလုံးများပြင်ဆင်ခြင်း၊ ဓာတ်ပုံများ ဖယ်ရှားခြင်း တို့ကို ပြုလုပ်၍မရဘဲ ပို့စ်တစ်ခုလုံးကို ဖျက်ခြင်းဖြင့်သာ လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမဲ့ Google+ မှာတော့ တင်ထားသမျှ ပို့စ်အားလုံးကို ပြင်ဆင်နိုင်ဖို့အတွက် ပို့စ်တွေရဲ့ ညာဘက်အပေါ်မှာ drop down ဖြည့်ထည့်သွင်းပေးထားပါတယ်။ ဒီပို့ စ်ကို အောက်ကလစ်လေးမှာသွားကြည့်နိုင်ပါတယ်

http://sankyawmyanmar.blogspot.com/p/blog-page_3837.html 


No comments: