Computer တွင် Microsoft Word မှ
PDF သို့အလွယ်တကူပြောင်းလဲအသုံးပြုနိုင်ရန်အတွက် အသုံး ပြုသည့် Software
ဖြစ်ပါသည်။ ပေါ့ပေါ့ပါးပါးအသုံးပြုနိုင်သည့် Freeware တစ်ခုဖြစ်ပြီး
အရွယ်အစားမှာ 1.15 MB ခန့်သာရှိပါသည်။ ပထမဦးစွာ Software ကို Install
ပြုလုပ်ရာ၌ အောက်ဖော်ပြပါပုံအတိုင်း Full installation နှင့် Custom
installation တို့ကို နှစ်သက်ရာရွေးချယ်ပေးရပါမည်။ ထို့နောက် အဆင့်အဆင့်
Next ပေးကာ ရိုးရှင်းစွာဖြင့် Install ပြုလုပ်ပေးရပါမည်။
Software ကို Install ပြုလုပ်ပြီးဆုံးပါက
အသုံးပြုရန်အတွက် အောက်ပါပုံအတိုင်း Open ကို Click နှိပ်၍ PDF Format
သို့ပြောင်းလဲလိုသည့် Word File ကိုရွေးချယ်ပေးရပါမည်။ ထို့နောက် Out
Directory တွင် PDF Format သို့ပြောင်းလဲသိမ်းဆည်းထားမည့်နေရာကို Select
မှတစ်ဆင့်ရွေးချယ်ပေးနိုင်ပါသည်။ ထို့နောက် Convert ကိုClick ၍ Word မှ
PDF သို့လွယ်ကူစွာ ပြောင်းလဲနိုင်ပါသည်။ ထိုသို့ပြောင်းလဲရာတွင် Word ၏
အမည်ကို မြန်မာလိုပေးထားမည်ဆိုပါက PDF သို့ပြောင်းလဲပေးနိုင်မည်မဟုတ်ပဲ၊
English အမည်ပေးရန်လို အပ်ပါသည်။
Download ချရန်
No comments:
Post a Comment