Photoshop Lesson 4 (ပုံဖြတ်ညှပ်ကပ် ပြုလုပ်ခြင်း)
ဒီနည်းမှာတော့ အိမ်တစ်လုံးပုံနှင့် ကောင်းကင်ရှုခင်းပုံ ၂ပုံကို အသုံးပြုရပါမယ်။ ပြာနေတဲ့အိမ်နောက်ခံနေရာမှာ တိမ်နဲ့ကောင်းကင်နောက်ခံကိုအစားထိုးခြင်းဖြင့် ပုံ၂ပုံကို ၁ပုံထဲအဖြစ် ပေါင်းစပ်ကာ ဖြတ်ညှပ်ကပ်ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ဒီဥပမာလေးကိုသိပြီးရင် သူငယ်ချင်းတို့ စိတ်တိုင်းကျပုံတွေ အစားထိုးကြည့်ပေါ့နော်။

1) အိမ်ပုံကိုအရင်ဖွင့်လိုက်ပါ။ Tool bar မှ Lasso Tool လို့စာတန်းပြတဲ့ အ၀ိုင်းကွက်လေးကို ဖိနှိပ်ထားပါ။
ပေါ်လာတဲ့ tool ၃မျိုးမှ Polygonal Lasso Tool ကိုရွေးလိုက်ပါ။

(Polygonal Lasso Tool ကို လေးထောင့်ပုံ၊ ကြိဂံပုံ စတဲ့ အနားထောင့်ချိုးရှိတဲ့ပုံတွေကို ရွေးတဲ့အခါမှာ သုံးပါတယ်။ အသုံးပြုနည်းကတော့ ဒေါင့်ချိုးတစ်ခုရောက်တိုင်း ရှေ့ဘက်က ဆွဲလာတဲ့မျဉ်းကို အဆုံးသတ်ပေးဖို့အတွက် ကလစ်တစ်ချက်နှိပ်ပေးရပါတယ်)
ပြီးရင် အိမ်ခေါင်မိုးရဲ့ ညာဘက်ဒေါင့်စွန်းမှာ ကလစ်နှိပ်ပေးပါ။ ပထမတစ်ချက်ကလစ်ပြီးရင် ကိုယ်ရွေးချင်တဲ့ ခေါင်မိုးရဲ့ပုံသဏ္ဍာန်အတိုင်း အပေါ်ဘက်ကိုခပ်စောင်းစောင်း pointer ရွှေ့ကြည့်ပါက မျဉ်းကြောင်းကတည့်နေတာတွေ့ရပါမယ်။

နောက် ဆက်ရွေးရမယ့် ပုံသဏ္ဍာန်က ဘယ်ဘက်ဖြစ်တဲ့အတွက် ဒေါင့်ချိုးတစ်ခုနားရောက်တိုင်း ကလစ်နှိပ်ပေးပါ။
ဒါဆိုရင် selection ကို လမ်းကြောင်းပြောင်းလို့ရပါပြီ။ ပုံမှာပြထားတဲ့အတိုင်း ဘယ်ဘက်မှာ ပုံကဆုံးသွားပီဆိုရင် အနားအပြင်ဘက်သို့ဆက်ကလစ်ပြီး အစမှတ်သို့ရောက်စေရန် နောက်ပြန် ပြန်ဆွဲလာပါ။

(စမှတ်နှင့်ဆုံးမှတ် ထိမှသာ selection ရွေးခြင်းက သက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် အလယ်ကနေစမရွေးဘဲ လွယ်ကူမယ့် ဒေါင့်ကနေ စဆွဲလိုက်တာပါ)
ထိသွားပြီဆိုရင်တော့ ခုနရွေးထားတဲ့မျဉ်းကြောင်းလေးတွေက အစက်လေးတွေအဖြစ် လှုပ်ရှားနေရင် select ၀င်ပါတယ်။

2) ကောင်းကင်ပုံရှုခင်းကိုထပ်ဖွင့်လိုက်ပါ။ ပုံတစ်ခုလုံးကို ရွေးချယ်ဖို့အတွက် Ctrl+A နှိပ်ပါ
(select menu ထဲမှ All နှင့်တူတူဖြစ်သည်)
ပြီးရင် Ctrl+C ထပ်နှိပ်ပြီး ၄င်းကိုကော်ပီကူးလိုက်ပါ။
3) အိမ်ပုံတွင်ပြန်ကလစ်ပြီး Edit meu ထဲမှ Paste Into ကိုရွေးလိုက်ပါ။ ဒီလိုဆိုရင် ခုနက
plygon နဲ့ select လုပ်ထားတဲ့ နေရာလေးမှာ ကောင်းကင်နောက်ခံလေး အစားထိုးပြီးဖြစ်ပါတယ်။ ခုနကော်ပီလုပ်ထားတဲ့ကောင်းကင်ပုံကို ပထမအရင်ရွေးထားတဲ့ အိမ်ပုံရဲ့ selection မှာ သွားဖော်လိုက်တာနဲ့ လည်း တူတူပါပဲ။

4) အဲဒီမှာ ပေါ်လာတဲ့ တိမ်တွေက အရွယ်အစားကြီးနေလို့ လိုက်ဖက်တဲ့နောက်ခံတစ်ခု မဖြစ်သေးပါဘူး။ အဲတော့ နောက်ခံကို နေရာရွေ့ပေးရပါမယ်။ Edit>Freetransform ကိုရွေးပါ။
ကောင်းကင်ပုံပတ်လည်မှာ လေးထောင့်လေးပေါ်လာပါမယ်။ ညာဘက်အစွန်ဆုံးမှ ထောင့်လေးပေါ်မှာ pointer ထောက်လိုက်ပါ။ မြှားအစောင်းလေးဖြစ်သွားပီဆိုရင် ဖိနှိပ်ပီး အိမ်ပုံနဲ့အတိဖြစ်အောင် အပေါ်ဘက်ကို drag ဆွဲပါ။

ဒီလိုဆို ကောင်းကင်နောက်ခံကိုဆွဲသေးလိုက်တဲ့အတွက် တိမ်တွေလဲ အနေတော်သေးသွားပါပြီ။ အဲဒါမှ စိတ်တိုင်းမကျသေးရင် လေးထောင့်ကွက်ရဲ့ အလယ်မှာကလစ်နှိပ်ပြီး အပေါ်ကိုနဲနဲရွေ့လို့ရပါသေးတယ်
(ဒါကတော့ ပုံဆိုက်ကိုသေးမသွားစေပါဘူး...ထောင့်ကနေဆွဲမှ သေးတာပါ)

5) ပုံပေါင်းစပ်တာကတော့ ပြီးသွားပါပြီ။ နောက်ထပ်ပြုပြင်မှုအနေနဲ့ ပိုမိုသဘာဝကျ လှပအောင် ကောင်းကင်ကို အပြာရင့်ရင့် အရောင်ချိန်ပေးမယ်ဆိုရင်တော့ ပုံပြထားတဲ့အတိုင်း Image>Adjust>Hue/Saturation ကိုရွေးပြီး Saturation ဘားမှာ ၄၀ လောက် တိုးလိုက်ပါ။ အရောင်ပိုရဲသွားလိမ့်မယ်။

6) Image> Adjust> Level မှာလည်း ဤအတိုင်းအတာနံပါတ်များအတိုင်း အတုံးလေးတွေရွေ့ပြီး ပြင်ဆင်နိုင်ပါတယ်။

ဒီလောက်ပါပဲ။ ဒါဆိုရင် နောက်ဆုံးမှာ ဒီလိုပုံလေးကိုရရှိမှာဖြစ်ပါတယ်။

အဆင်ပြေပါစေရှင်........
(10-1-2012) MC ကြိုးမဲ့
No comments:
Post a Comment