Photoshop Lesson 3 (သွားများကို ဖြူအောင်ပြုလုပ်ခြင်း)



1) File ထဲမှ Open ဖြင့် ဒီပုံလေးရှိတဲ့နေရာကိုဖွင့်ပါ။ ပီးရင် tool box ရဲ့အောက်ဆုံးမှ မှန်ဘီလူးပုံလေးကိုရွေးပြီး
သွားနေရာကိုကလစ်နှိပ်ပေးပါ။ ဒီလိုဆိုသွားပုံချည်းပဲအနီးကပ်မြင်ရပါပြီ။

2) Ctrl+J ကိုနှိပ်ပြီး background ကိုကော်ပီတခုပွားလိုက်ပါတယ်။ ဒါမှ layer 1 မှာအလုပ်လုပ်ပီးရင် background layer နဲ့ နှိုင်းယှဉ်ကြည့်လို့ရမှာပါ။ မူရင်းဖိုင်လဲမပျက်စီးဘူးပေါ့။
3) toolboxအောက်ဆုံးနားလေးမှ Quick Mask Mode ကိုနှိပ်လိုက်ပါ။ Keybord shortcut ကတော့ (Q) ဖြစ်ပါတယ်။
ပီးရင် brush tool ကိုရွေးပါမယ်။ tool နေရာတွေကိုမသိရင် ပုံလေးတွေပေါ်မှာ pointer ကိုတင်ထားကြည့်ပါ။
နာမည်တွေဖော်ပြပေးပါလိမ့်မယ်။
4) မြားကပုံပေါ်မှာဘရက်ရှ်အ၀ိုင်းပုံလေးပြောင်းနေပါလိမ့်မယ်။ အဲဒီအ၀ိုင်းကို သွားအရွယ်အစားအလိုက် အကြီးသေးချိန်ချင်ရင်တော့ ကွင်းစကီးလေး{ နှင့်ကွင်းပိတ်ကီး } လေးကိုနှိပ်ပါ။
5) သွားနဲ့စိတ်ကြိုက်အ၀ိုင်းကိုရပီဆိုရင်တော့ သွားပေါ်မှာကလစ်နှိပ်ပြီးသွားတွေကိုအရောင်ခြယ်လိုက်ပါ။
ခြယ်လိုက်တဲ့နေရာတွေကအနုမြူရောင် (သို့) အနီရောင်နဲ့ပြနေမှာဖြစ်ပါတယ်။ သွားတိုင်းကညီညာနေမှာမဟုတ်တဲ့အတွက်
အရောင်ခြယ်တဲ့နေရာမှာဘေးတိုက်မခြယ်ဘဲဘေးကို ပြန့်ထွက်မသွားအောင်တချောင်းချင်းစီကိုအပေ
ါ်အောက်ဖြည့်ဆွဲပါကပိုသပ်ရပ်နိုင်ပါတယ်ရှင်။

6) ပြီးရင် Q ကိုတချက်ထပ်နှိပ်လိုက်ပါ။ အဓိပါယ်ကတော့ exit Quick mask mode ဖြစ်ပါတယ်။ အဲလိုဆိုအရောင်တွေပျောက်သွားပြီး selection အဖြူရောင်ပဲ ဖြစ်ကျန်ခဲ့လိမ့်မယ်။ ထို့နောက် Select Menu ထဲမှ Inverse ကိုရွေးလိုက်ပါ။
(ဘာလို့လဲဆိုတော့ Quick mask mode ဆိုတာကရွေးထားတဲ့နေရာမပါဘဲကျန်တဲ့နေရာတွေကိုပဲအရောင်ပြောင်းစေတဲ့ဖန်ရှင်မို့လို့ပါ။ ခုလိုကိုယ်ကပြောင်းပြန်ရွေးပေးစေတဲ့ inverse function ကိုရွေးလိုက်တဲ့အခါမှသာ ခြယ်ထားတဲ့နေရာ (သွား) တွေကိုအရောင်ပြောင်းစေမှာ ဖြစ်ပါတယ်။)
7)Select menu>Modify>Feather ကိုရွေးပြီး 2 pixels ထားပေးပါ (သွားအရောင်ပြောင်းတာကိုမသိသာစေရန် အနားစွန်းတွေကို ၀ါးလိုက်ခြင်းဖြစ်ပါသည်) ပီးရင် Ctrl+Uကိုနှိပ်လိုက်ပါ။ အရှည်ကတော့ Image Menu>Adjustment>Hue/Saturation ဖြစ်ပါတယ်။
ပေါ်လာတဲ့အကွက်မှ Saturation အောက်ကအတုံးလေးကို -75ရောက်တဲ့ထိဘယ်ဘက်ကိုဆွဲကပ်လိုက်ပါ။ (၀ါနေတဲ့အရောင်ကိုလျှော့ပစ်တာဖြစ်ပါတယ်)

8) နောက်ထပ် Ctrl+Lကိုထပ်ရွေးပေးပါဦး....Levels ကို(၀ါတာလျှော့ပြီးနောက်) သွားကိုအဖြူရောင်တင်ဖို့အတွက် သုံးတာဖြစ်ပါတယ်။ ညာဘက်အစွန်ဆုံးမှအတုံးကို 220 ထိလျှော့ချပေးပါ။

9) Select Menu > Deselect လုပ်လိုက်ပါ။ Selection ပျောက်ပြီးနောက်ဆုံးပုံကိုရရှိမှာဖြစ်ပါတယ်ရှင်....
နဂိုပုံနဲ့ဘယ်လောက်ကွာသွားတယ်ဆိုတာ နှိုင်းယှဉ်မယ်ဆိုရင်တော့layer box မှာ စစချင်းပွားထားလိုက်တဲ့ layer 1 ဘေးက မျက်လုံလေးကို မှိတ်လိုက်ဖွင့်လိုက်လုပ်ပါ။ အဆင်ပြေကြပါစေ။

(15-12-2011) MC ကြိုးမဲ့

No comments: