ပုံပေါ်တွင် စာထည့်ရိုက်ခြင်း

အလင်းအမှောင်ချိန်ရုံလောက်ဆိုရင် ဘာမှလုပ်ပေးဖို့ မလိုပေမယ့် နောက်ထပ်စာတွေ ပုံတွေ အဲဒီပုံမှာ ထပ်ပေါင်းထည့်မယ် ပြုပြင်မယ်ဆိုရင်တော့ မူရင်းပုံကိုမထိခိုက်အောင် background ကို new layer အဖြစ်ပြောင်းပေးရမှာဖြစ်ပါတယ်။


background ကို Layer မပြောင်းဘဲ စာထည့်ရိုက်မိမယ်ဆိုရင် နေရာရွှေ့လို့မရနိုင်တော့ဘဲ စာကသာ နောက်ခံမှာ ထပ်ပီး ပေါင်းဝင်သွားမှာဖြစ်ပါတယ်။ မူရင်းပုံက ပြောင်းလဲသွားလိမ့်မယ်။
ခုဆိုရင်တော့ နောက်ခံကသပ်သပ်တစ်လွှာ၊ ကိုယ်ထပ်ထည့်မယ့် စာတွေက သပ်သပ်တစ်လွှာဖြစ်နေပါပြီ။ စာသားကိုမလိုချင်တော့ပါက စာပေါ်ကို click ပြီး delete ကိုနှိပ်လိုက်ရုံပါပဲ....မူရင်းပုံနောက်ခံကို ထိခိုက်ခြင်းမရှိပါဘူး။


pt လို့ပြထားတဲ့ တတိယအကွက်မှာတော့ စာလုံးဆိုဒ်အကြီးအသေး ရွေးထည့်ရမှာပါ။
3) cursor ကို စာတန်းထည့်ချင်သည့်နေရာ (ခုံတန်းအပေါ်လေး) တွင် ထောက်ပြီး စာရိုက်လိုက်ပါ။
ပြီးရင် အရောင်ထည့်ဖို့အတွက် select လုပ်ပါမယ်....(စာလုံးအစမှအဆုံး ဘယ်မှညာသို့ ဖိနှိပ်ပြီး drag ဆွဲပါ)
4) selection လုပ်ထားတဲ့စာတန်းဟာ highlight လေးဖြစ်နေမှာပါ။ select လုပ်ပြီးသွားပီဆိုရင် ညာဘက်
Color box ထဲမှ Swatches အကွက်တွင် ကြိုက်တဲ့အရောင်ရွေးလိုက်ပါ။ အရောင်ထည့်ပြီးဖြစ်ပါသည်။

စာတန်းနေရာမကျသေးပါက toolbox အပေါ်ဆုံးမှ Move Tool ကိုရွေး၍ လိုသည့်နေရာသို့ ထောက်ရွေ့နိုင်ပါသည်။
ဒီလိုပုံလေးက စာထည့်ရိုက်တဲ့ပုံစံပါ။


Brush tool အသုံးပြုခြင်း

အဲဒီ background layer ပေါ်မှာ right click လုပ်ပါ။ Duplicate layer ဆိုတာကိုဆက်ရွေးပါ။
ok လိုက်ရင် နောက်ထပ်ပုံတစ်ပုံပွားလာတာ တွေ့ပါလိမ့်မယ်။

ဘာလို့ဒီလိုပွားတာလဲဆိုတော့ သူရဲ့နက်ခတိုင်မှာ အစက်လေးတွေခြယ်ချင်လို့ပါ။ ခြယ်တာမလှပဘူးဆိုရင် မူရင်းပုံပျက်စီးမှာစိုးတဲ့အတွက် အပိုဆောင်ထားလိုက်တာဖြစ်ပါတယ်။ ခုလိုဆို background copy layer မှာ အပြာရောင်ဖြစ်နေပါလိမ့်မယ်။ အဲဒီမှာပဲ အလုပ်လုပ်ရမှာပါ။

ပြုပြင်ပြောင်းလဲထားတဲ့ background copy အလွှာမှ ပုံကို မနှစ်သက်လို့ မူလပုံကိုပဲပြန်မြင်ချင်တယ်ဆို၇င်
သူ့ဘေးနားက မျက်လုံးပုံလေးကိုနှိပ်လိုက်ပါ။ မျက်လုံးပျောက်သွားရင် အောက်က background ပုံကိုပြန်ကလစ်လိုက်ပါ။ ဘာမှမလုပ်ခင်က ပုံအတိုင်းပြန်ရပီပေါ့။ လိုအပ်ရင် ထပ်ပွားပြီးကလိပေါ့း)


3) ခုပုံမှာတော့ 19 ဆိုဒ်ရှိတဲ့ ဘရက်ရှ်ပုံလေးကို အ၀ိုင်းကြီးတွေအဖြစ် နမူနာဆွဲမှာပါ။ ကျန်တဲ့ကြားနေရာလေးတွေကိုတော့ 9 ဆိုဒ်ရှိတဲ့ ဘရက်ရှ်သေးလေးကိုထပ်ရွေးပြီး ကြားမှာဖြည့်ဆွဲလိုက်ရင်
ဒီလိုပုံကို ရရှိပါပြီ။

တကယ်လို့ အစက်တွေချတဲ့နေရာမှာ လွဲချော်တာ ထပ်သွားတာတို့ရှိမယ်ဆိုရင် window menu ထဲမှ history ကိုခေါ်လိုက်ပါ။ ပေါ်လာတဲ့အကွက်ရဲ့ညာဘက်ထောင့်ကို အောက်ထိဆွဲချလိုက်ရင် နောက်ဆုံး
လုပ်ဆောင်ချက်ကအောက်ဆုံးမှာရှိနေတာကို တွေ့ရပါလိမ့်မယ်။ အပေါ်အဆင့်တွေကို ပြန် click လိုက်ခြင်းဖြင့် နောက်တစ်ဆင့်စီ ပြန်နောက်ဆုတ်သွားလို့ရပါတယ်။ ဒီလိုဆိုရင် ပုံမကျတဲ့
ဘရက်ရှ်ဆွဲသားချက်တွေကို မဖြစ်စေတော့ပါဘူး။

အားလုံးအဆင်ပြေကြပါစေရှင်
(20-11-2011) MC ကြိုးမဲ့
No comments:
Post a Comment