ဒီနည်းလေးကို သိပြီးသူတွေလည်းရှိမည်ထင်ပါတယ်။ဒါဟာ Androit OS သုံး Phone / Tab ကိုင်ဆောင်သူတွေအတွက် Google ကပေးတဲ့ ၀န်ဆောင်မှုတစ်ခုပါ။
ခုနောက်ပိုင်းမှာ Android OS ဟာအရှိန်အဟုန်ကောင်းကောင်းနဲ့ 
တိုးတက်မှုမြန်ဆန်စွာဖြင့် Phone / Tab အမျိုးအစားများစွာမှာ နေရာယူလာ လူကြိုက်များလာတာကိုတွေ့ ရပါတယ်။ကဲခေါင်းစဉ်ပါအတိုင်း အသုံးချပုံ အသုံးပြုပုံလေးကို ကျွန်တော့်အတွေ့ အကြုံလေးအတိုင်း ဖေါက်သည်ချဖြန့် ဝေပေးပါရစေခင်ဗျာ....
(၁) ပထမဦးစွာ မိမိကွန်ပျူတာနှင့် မိမိ ဆော့ဖ်ဝဲလ်/ဂိမ်း ထည့်သွင်းလိုသည့် Phone / Tab သည် အင်တာနက်ချိတ်ဆက်လျှက်ဖြစ်စေ WiFi ရရှိလျှက်ဖြစ်စေ ရှိနေရပါမည်။
(၂) မိမိကွန်ပျူတာရှိ မိမိအသုံးပြုသော Browser အားဖွင့်ပြီး Google သို့ ဝင်ပါ။၎င်းနောက်
Google အား Main စာမျက်နှာထားပြီး မိမိ Google Account ဖြင့် Sing In ၀င်လိုက်ပါ။
ဒီနေရာမှာသတိထားရမှာက မိမိချိတ်ဆက်သွင်းလိုသည့် Android Phone / Tab
အတွင်းဝင်ထားသောGoogle Account နှင့် အတူတူဖြစ်ရပါမည်။
ပုံ(၁)
ပုံ(၂)
(၃) ၄င်းနောက် မိမိကွန်ပျူတာ၏ Google Search Box တွင် Android Google Play ဟုရိုက်၍
Google Play သို့ ဝင်လိုက်ပါ။
(၄) ထိုသို့ ဝင်လိုက်ပြီးပါက ပေါ်လာသောစာမျက်နှာ၏ ညာဖက်ထိပ်ရှိ MY ANDROID APPS အား Click လိုက်ပါက
မိမိဖုန်း၊တက်ဘလက်အတွင်းသို့ အကယ်၍ Google Play Storeအတွင်းမှ အွန်လိုင်းအသုံးပြုလျှက် Download လုပ်ယူထားသော Software များရှိပါက ဖေါ်ပြပေးသည်ကိုတွေ့ မြင်ရပါလိမ့်မည်။
(၄) ထိုသို့ ဝင်ပြီးပါက Google Playအတွင်းရှိ မိမိကြိုက်နှစ်သက်သော Free Softwares နှင့် Games များအား၎င်း၏အောက်ရှိ Install ကို Click လိုက်သည်နှင့် ထိုဆော့ဖ်ဝဲလ်(သို့ )ဂိမ်းသည် မိမိ၏ ဖုန်း(သို့ )တက်ဘလက်အတွင်းသို့ ရောက်ရှိသွားပါလိမ့်မည်။
(ငွေပေးကဒ်အသုံးပြုပြီး ကြိုက်နှစ်သက်ရာဆော့ဖ်ဝဲလ်များအားဝယ်ယူထည့်နိုင်ပါသည်)
(၅) ထိုနည်းလမ်းကိုအသုံးပြုလျှက် မိမိဖုန်းကိုသာမက နိုင်ငံခြားနေသော မိမိမိတ်ဆွေသူငယ်ချင်းများ၏ Android OSသုံးဖုန်း / တက်ဘလက်များအတွင်းသို့  ၄င်း၏ အကောင့်အမည်နှင့်
ပတ်ဝေါ့တို့ ကိုအသုံးပြုပေးလျှက် ဆော့ဖ်ဝဲလ်များဂိမ်းများအားလှမ်းပြီးသွင်းပေးနိုင်ပါကြောင်း
မိမိအတွေ့ အကြုံလေးအား မသိရှိသေးသူများအတွက် ဝေမျှပေးလိုက်ပါတယ်ခင်ဗျာ။
(မှတ်ချက်။ ကျွန်တော့်စမ်းသပ်ကြည့်မှု့ အရ မြန်မာနိုင်ငံမှလွဲ၍ အခြားနိုင်ငံတော်တော်များများသို့ ထိုနည်း
လမ်းကိုအသုံးပြု ကူညီနိုင်ကြောင်းကိုတွေ့ ရှိရပါတယ်။ကျွန်တော်တို့ နိုင်ငံအတွက်တော့ မည်သို့ 
အခက်အခဲကြောင့်မရရှိကြောင်း မသိပါခင်ဗျာ)
ပုံများအားရှင်းလင်းပြတ်သားစွာမြင်လိုပါက Click လုပ်ပြီးကြည့်နိုင်ပါတယ်။
ပြတိုက်မှသူငယ်ချင်းများ နည်းပညာအသိသုတကြွယ်ဝနိုင်ကြပါစေ။
စေတနာများစွာဖြင့်.......
ကိုဇော်နိုင်
7-May-2012(11:10)AM
No comments:
Post a Comment