ကိုထွန်းတင်ပေးထားတဲ့ ပုံတွေ effect တွေ ဒေါင်းတာအဆင်မပြေသူများနဲ့ စာလုံးလှလှလိုချင်သူများအတွက်

flash song လုပ်ချင်လို့ software တွေဒေါင်းကြတယ် မရတဲ့သူတွေရှိနေပါတယ်
ကိုထွန်းတို့ လွမ်းဧကရီ တို့ကလည်း သူတို့ရသမျှအချိန်လေးတွေနဲ့ဖြေပေးနေကြတာပါ
ဆိုဒ်တာဝန်ခံတွေဆိုတော့လည်း အသေးစိတ်လိုက်ဖြေမပေးနိုင်ကြပါဘူး
ကျွန်တော်က flash song မှာအသစ်ဆိုတော့ သိပ်ကြီးတော့ မသိဘူးပေါ့နော်
ဒါပေမဲ့ သိသလောက်လေးဝေမျှချင်လို့ပါ မသိသေးသူများမတွက်ရည်ရွယ်တာပါ သိသူတွေ အလှောင်ခံရမှာလဲကြောက်သေးတယ်လေ
တကယ်လို့ မိမိ က mouse effect တွေပဲဖြစ်ဖြစ် ကျန်တဲ့ ပုံတွေပဲဖြစ်ဖြစ်
မိမိ လိုချင်တာရှိရင်ဒေါင်းလိုက်ပါ လွယ်လွယ်ပြောရရင်တော့ ကြိုက်တဲ့ပုံစံနဲ့ဝင်လာပါစေ
အားလုံးကို save ထားလိုက်ပါ ပြီးရင်...flash song လုပ်တဲ့အခါ ဒေါင်းထားတဲ့ ပုံတွေ effect တွေကိုထည့်တော့မယ်ဆိုရင်
 insert မှာimport animationကိုကလစ်ပေးပြီး ထည့်ရင် အားလုံးok ပါမယ် အောက်မှာပုံလေးနဲ့ပြထားပါတယ်
ကိုထွန်းလည်းတင်ပြပြီးဖြစ်ပါတယ် ဒါပေမဲ့ ဒေါင်းကြတဲ့အခါ တန်းဖွင့်မရလို့စိတ်ပူနေသူတွေအတွက် ပြန်တင်ပေးတာပါ
ဒီလောက်ဆိုရင်ဒေါင်းပြီးစိတ်မပူလောက်တော့ပါဘူး နောက်တစ်ခုက စာလုံးလှလှလေးတွေရေးချင်သူတွေအတွက်ပါ
ကျွန်တော်ကတော့ Ayar font ကိုသုံးပါတယ် Zawgyi နဲ့တော့လက်ကွက်မတူပါဘူး အဲ့ထဲမှာ font style (၁၁) မျိုးလောက်ပါပါတယ်
သူငယ်ချင်းတို့လိုချင်တယ်ဆိုရင်တော့ အောက်မှာဒေါင်းလိုက်ပါနော် စာလုံးရယူသည့်အကြိမ်ပေါင်းမှာဒေါင်းနော်
ပြီးရင်တစ်ခုချင်း install လုပ်ပါ
ဒေါင်းရန် လင့်       http://www.ayarunicodegroup.org/
ပျော်ရွှင်ချမ်းမြေ့ကြပါစေ

No comments: