လန်ထွက်နေလို့ ခြံခတ်ရမယ့် နာရီတွေ

ထက်ထက်ကတော့ တကယ်ကို နှစ်ခြိုက်မိပါတယ်.
ညီအစ်ကိုမောင်နှမတွေရဲ့ Desktop ပေါ်မှာ နာရီလှလှလေးတွေ တင်လို့ရပါတယ်..
အခုလို နာရီလေးတွေပေါ့
နာရီအလယ်တည့်တည့်က Icon လေးကို နှိပ်လိုက်ရင် နှိုးစက်ချလို့ရပါတယ်..
Icon  လေးကို နှိပ်လိုက်ရင် အောက်ပါအတိုင်း ပေါ်လာပါမယ်.
နှိုးစက်ချပုံလေးကတော့ ပုံမှာ ပြထားတဲ့အတိုင်း Set Alarm ကိုနှိပ်ပါ။
အောက်ပါ ပုံလေးအတိုင်းကျလာပါမယ်..

1။ Set Alarm ကို အမှန်ခြစ်ပါ။
2။ Now plus ကို အမှန်ခြစ်ပြီး ပြောင်းချင်တဲ့ နာရီ ၊ မိနစ် ၊ စက္ကန့်ရှေ့မှာ အမှန်ခြစ်ပြီး အတိုးအလျှော့ကို 2 အောက် အပေါ်အောက် မြှားနဲ့ ပြောင်းလို့ရပါတယ်..
3။ ဘယ်သူအလန်းချတယ် ဆိုတာကို ထည့်ထားလို့ရပါတယ်..
ဥပမာ... သူငယ်ချင်းတွေ စုအိပ်တဲ့အခါ အလန်းက မြည်ပါမယ်..အဲဒီအခါ ဘယ်သူအလန်းချတယ်.ဆိုတာကို နာမည်လေးပေါ်တော့ သူမနိုးရင်လဲ နိုးတဲ့သူက နှိုးပေးလို့ရပါတယ်..
4။ ဒီနေရာမှာကတော့ အလန်းနှိုးတဲ့အခါ သာယာဖွယ် သီချင်းသံလေးတွေနဲ့ နှိုးလို့ရပါတယ်..
5။ Test ကတော့ မိမိပြုလုပ်ထားတဲ့ Setting ကို စမ်းသပ်ကြည့်လို့ရပါတယ်..
ကြိုက်ရင် Ok လုပ်လိုက်ပါ...
စမ်းသပ်တဲ့အခါ ဒီလိုလေးပေါ်နေပါလိမ့်မယ်.

No comments: