တယ်လီဖုန်းကနေ message လေးတွေ ၊ ပို့ချင်တဲ့
သတင်းအချက်အလက် လေးတွေကို ပို့ရတာ တော်တော်အဆင်ပြေတဲ့ အချက်ပါ ။ ဒါပေမယ့်
တယ်လီဖုန်းပေါ်က ခလုတ်လေးတွေဟာ သေးသေးလေးတွေ ဆိုတော့ အလေ့အကျင့် မရှိသူ
အတွက်ကတော့ ပို့ချင်တဲ့စာကို ရိုက်ရတာ အတော်လေး လက်ဝင်လှပါတယ် ၊
ကွန်ပြူတာရဲ့ keyboard ကနေ message လေးတွေကို ရိုက်ပြီး
ပို့နိုင်မယ်ဆိုရင်တော့ စာရိုက်ရတာ ပိုပြီးလွယ်ကူ မြန်ဆန်တာပေါ့ ၊
အဲလိုမျိုး ကွန်ပြူတာကနေ တယ်လီဖုန်းကို message ပို့နိုင်တဲ့ နေရာလေးကို
ကျနော်တွေ့ထားပါတယ် ၊ အခမဲ့သုံးခွင့်လည်း ရဦးမယ်ဆိုတော့ ပိုကောင်းတာပေါ့ ၊
message လေးတွေ ဟိုပို့ဒီပို့ ပို့ချင်သူတွေအတွက် အတော်ပါပဲ ၊
အဲဒီနေရာနဲ့ သုံးစွဲပုံလေးကို လက်ဆင့်ကမ်း လိုက်ပါတယ်..
ပထမဆုံးကတော့ ဟောဒီအောက်ကနေရာလေးကို သွားလိုက်ပါ ၊
ဟောဒီပုံလေးထဲကလို ဖြည့်ရမယ့်အကွက်လေးတွေ တွေ့မယ် ၊
(၁) Select country: မှာ
ကိုယ်ပို့ချင်တဲ့နိုင်ငံကိုရွေးလိုက်ပါ ၊ နိုင်ငံရွေးပြီးတဲ့အခါ
ဘေးချင်းယှဉ်နေတဲ့အကွက်မှာ country code ဖြည့်ပြီးသားဖြစ်သွားမယ် ၊ ဥပမာ..
ကိုရီးယားဆို 82 ၊ မြန်မာဆို 95 စသည်ဖြင့်ပေါ့
(၂) လက်ခံမယ့် ဖုန်းနံပါတ်ကို
ဆက်ဖြည့်လိုက်ပါ ၊ Local အချင်းချင်းပဲ ဖြစ်ဖြစ် ၊ နိုင်ငံတကာကို
ဖုန်းခေါ်သလိုပဲ ဖြည့်ရမှာဖြစ်တဲ့အတွက် ရှေ့ဆုံးက “0” သုညကို
ချန်ထားခဲ့ရမှာဖြစ်ပါတယ် ၊
ဥပမာ..ကိုရီးယားက သူငယ်ချင်းတစ်ယောက်ကို
message ပို့မယ်ဆိုပါစို့ ၊ သူ့ဖုန်းနံပါတ်က 010 6017 4235 ဆိုရင်
ပို့တဲ့အခါ 821060174235 လို့ရိုက်ပါ
(၃) Write your message here လို့ရေးထားတဲ့ အကွက်လေးမှာ ရေးချင်တာတွေရေးပြီး Send SMS Now ကို နှိပ်လိုက်ပါ ။
တစ်ခါတရံမှာ CAPTCHA လို့ခေါ်တဲ့
စာလုံးမှန်အောင် ရိုက်ရတဲ့အကွက် လေးတွေ ရှိနိုင်ပါတယ် (အခုတော့ captcha
မတွေ့ဘူး) ဒါဆိုရင် စာလုံးကို မှန်အောင်ရိုက်မှ ပို့လို့ရပါမယ် ၊
ကိုယ့်ဖုန်းနံပါတ်ကို message ပြန်ပို့ပြီး အရင်ဆုံးစမ်းကြည့်ပါ ၊
ပို့သူရဲ့ ဖုန်းနံပါတ်ကို ဖြည့်ဖို့မလိုတဲ့အတွက် message
ဝင်လာတဲ့အခါမှာလည်း ဘယ်သူက ပို့လိုက်တယ် ဆိုတာ သိမှာမဟုတ်ပါဘူး ၊
သိစေချင်တယ်ဆိုရင် message ထဲမှာ ထည့်ရေးလိုက်ရမှာဖြစ်ပါတယ် ။
ကဲ.. အခမဲ့ရတဲ့ message လေးတွေနဲ့အတူ ပျော်ရွှင်မှုတွေ ရကြပါစေ.....
No comments:
Post a Comment