Gtalk အသံများ Skin များ နှင့် အခြားများ ပြောင်းနည်း

 .exe ဖိုင်တွေ .dll ဖိုင်တွေကို edit လုပ်ဖို့၊ customize လုပ်ဖို့ အကောင်းဆုံး software တစ်ခုကတော့ Resource Hacker ဗျ။ သူ့အကြောင်းကို အရင် ကျနော် windows logon screen လုပ်တုန်းကလည်း ပြောခဲ့ဘူးပါတယ်။ အခု gtalk tone တွေအတွက် ဆက်ကြည့်ပေးပါဦး ။ ReskHacker မရှိသေးရင်တော့ ဒီမှာ သွားဒေါင်းလိုက်ပါ။ 
ဒေါင်းပြီးရင် ReskHacker ကိုဖွင့် FileOpen နဲ့ Gtalk ရဲ့ .exe ဖိုင်ကို ယူဖွင့်ပေးပါ။ ( XP မှာဆိုရင် C:\Program Files\Google\Google Talk ဆိုပြီးဖွင့်လိုက် google talk ဆိုတဲ့ exe ဖိုင်လေး တွေ့လိမ့်မယ်။ Vista တို့ 7 တို့ ဆိုရင်တော့ Start menu – All programs မှာ Gtalk ကိုရှာ right click လုပ်ပြီး Open file locate ဆိုပြီးနှိပ်လိုက်။ အဲဒီဖိုင်ရှိတဲ့နေရာကို ရောက်သွားပါမယ်။


အောက်ကပုံမှာဝိုင်းပြထားတဲ့အတိုင်း WAVE အောက်က တစ်ခုချင်းစီနှိပ်ပြီး စမ်းကြည့်ပါ။ Gtalk ရဲ့ Tone လေးတွေကို ကြားရပါလိမ့်မယ်။ အောက်ဆုံးက 126 ကတော့ မိမိကခေါ်လိုက်ရင်မြည်မယ့်အသံ ဖြစ်ပါတယ်။ အဲဒီတစ်ခုကို နမူနာထားပြီးပြောင်းပြပါ့မယ်။ ပြထားတဲ့အတိုင်း 0 မှာ right click နှိပ်ပြီး Replace Resource ကိုနှိပ်ပါတယ်။
Open file with new resource ကိုနှိပ်ပြီး မိမိပြောင်းချင်တဲ့ အသံဖိုင် (WAV ဖိုင်သာလျှင်) ကိုရွေးပေးပါတယ်။

Image Hosting by imagefra.me

အသံဖိုင်ရွေးပြီးတဲ့အခါမှာ data တွေကို ခုလို ဖြည့်ပေးရပါတယ်။ ကျနော်မျှားနဲ့ ပြထားတာတွေကို သဘောပေါက်မယ်ထင်ပါတယ်။ WAVE ရဲ့အောက်ကမို့ Name က WAVE, Type က 126 ကို ပြောင်းမှာမို့ 126 နဲ့ language ဆိုတာကတော့ တစ်ခုပဲ ပါလို့ရှင်းပါတယ် 0 ပေါ့။ (အခြား Tone တွေပြောင်းဖို့ကိုလည်း နားလည်မယ်ထင်ပါတယ်။ 125 က အသံကိုပြောင်းမယ်ဆို 125 ရေးပေါ့) ပြီးရင် Replace နှိပ်။
Play ကိုနှိပ်ပြီး နားထောင်ကြည့်လို့ရပါတယ်။ ဒီလိုနဲ့ပဲ မိမိ စိတ်ကြိုက် ပြောင်းလို့ပြီးရင် file – save ကိုနှိပ်ပြီး save ပါ။ အဲဒီအတွက် Gtalk တွေကို exit ပေးထားဖို့လိုပါလိမ့်မယ်။ (အားလုံးသိပါတယ်။ လက်ရှိသုံးနေတာကို Replace လုပ်မရဘူးလေ)
အခုက အသံဖိုင်အစားထိုးတာလေ။ အဲလိုပဲ ဓါတ်ပုံဖိုင်တွေ အစားထိုးပြီး Gtalk ကို skin ပြောင်းလို့ရပါသေးတယ်။ Bitmap ခေါင်းစဉ်အောက်မှာ တစ်ခုချင်းပုံလေးတွေကြည့်၊ ပြောင်းကြည့်ပြီး လေ့လာလိုက်ပါဦး ။

မူရင်းလင့်  ။     ။  အာကာဖြိုး

No comments: