RAR file တွေ Corrupted ဖြစ်လျှင်ဖြေရှင်းနည်း

တစ်ချို့သော Rar ဖိုင်များကို ဖိုင်ပြန်ဖြေတဲ့အခါမှာ error ဖြစ်ကြပါတယ် . အဲ့ဒါကလဲ win rar ရဲ့ အားနည်းချက် တစ်ခုပါ အဲ့တော့ အဲ့ဒီဖိုင်ကို တစ်ခြားနေရာတွေကတေ လိုက်ရှာပြီး Download ပြန်လုပ်ယူတဲ့ နည်းကို မသုံးဘဲနှင့် Win Rar ထဲမှာပဲပါတဲ့ Repair Tools နဲ့ပဲ ဖြေရှင်းကြည့်ရအောင်



ပထမနည်း
  • မိမိ error ပြနေတဲ့ Win Rar file ကို ဖွင့်လိုက်ပါ (Double click)
  • Tools >> Repair Archive (သို့) Tools Bar မှာ သူနာပြု logo ပုံစံလေးနှင့် Repair Archive tool ရှိရင် အဆိုပါ Tool ကို နှိပ်လဲရပါတယ် 
  • နောက် မိမိ save ချင်တဲ့ နေရာကို ရွေးပေးလိုက်ပါ .
  • ဒီအဆင့်ရောက်ပြီးသွားရင် Done ဆိုတဲ့ စာတမ်းပေါ်လာမှာပါ . အဲ့ဒါဆိုရင် Close ပေးလိုက်ပါ.
  • ဖိုင်ကို ပြင်ပြီးသွားရင်တော့ ဖိုင်အသစ်တစ်ဖိုင် မိမိ save ထားတဲ့နေရာမှာ ရောက်လာမှာဖြစ်ပါတယ် .

ဒုတိယနည်း

ဒီနည်းနှင့်ဖြေရှင်းဖို့ကတော့ အောက်မှာပေးထားတဲ့ Rar Repair tool ကို Download လုပ်ပြီးတော့မှ ဖြေရှင်းလို့ရမှာပါ.
version 4.0 ကို တင်ပေးထားပါတယ် . လုပ်ရမှာက အောက်ကပုံတွေထဲကအတိုင်း တစ်ဆင့်ချင်းလုပ်သွားလိုက်ပါ .
အောက်မှာပေးထားတဲ့ Repair tool ကို Download လုပ်ပြီး . စက်မှာ install လုပ်လိုက်ပါ.
Browse ကနေ error ပေါ်နေတဲ့ rar ဖိုင်ကို ရွေးပေးလိုက်ပါ
သိမ်းဆည်းမည့် နေရာတစ်နေရာကို ရွေးပေးလိုက်ပါ။
 ဖိုင်ပြင်တဲ့ လုပ်ငန်းစဉ် ပြီးဆုံးသွားကြောင်း တွေ့ရမှာပါ. အားလုံးပြီးသွားရင်တော့ မိမိသိမ်းခဲ့တဲ့နေရာမှာ win rar ဖိုင်အသစ်ကလေး တစ်ဖိုင်ကို တွေ့ရမှာဖြစ်ပါတယ် .
 
မူရင်းလင့်  ။      ။   အာကာဖြိုး

No comments: