Photoshop History အားပြင်ဆင်ခြင်း

Photoshop History အားပြင်ဆင်ခြင်း
Photoshop သုံးစွဲရာမှာ History ဟာများစွာအရေးပါတယ်ဆိုတာ သိကြမှာပါ…တစ်ခါတရံမှာ
Layer Duplicate မလုပ်မိခြင်း Action Record မလုပ်မိခြင်းများကြောင့် ပြီးခဲ့တဲ့အဆင့်တွေကို ပြန်လည်ရရှိဖို့ History Pelette ကနေ သော်လည်းကောင်း.CTRL+ALT+Z ကနေသော်လည်းကောင်း ကျွန်တော်တို့ ပြန်သွားကြရပါတယ်..တကယ်တော့ History Pelette ဟာ
Default အနေနဲ့ 19 ဆင့်သာပြန်သွားနိုင်သလို Step Backward ဖြစ်တဲ့ CTRL+ALT+Z ဟာလည်း အလားတူ 19 ဆင့်သာပြန်သွားနိုင်တာကိုတွေ့ရပါတယ်…ဒါ့ကြောင့် History ရော CTRL+ALT+Z ရော နှစ်ခုလုံးအား လုံလောက်တဲ့ အဆင့်တွေထိပြန်သွားနိုင်ဖို့အတွက် Menu မှာပြင်ဆင်နိုင်ပါတယ်….
အရင်ဆုံးပုံ(၁)အတိုင်း  Menu မှ Edit->Preferences->Performance ကိုရွေးနှိပ်လိုက်ပါ..
ပုံ (၁)

အောက်တွင်ဖော်ပြထားသောပုံအတိုင်း Performance Dialog Box ပေါ်လာမှာဖြစ်ပါတယ်….အနီရောင် High light ပြထားတဲ့နေရာမှာ 40,50 ,60  စသဖြင့်ကိုယ်နှစ်သက်ရာ ရိုက်ထဲ့ပြီး OK နှိပ်ပေးလိုက်ခြင်းဖြင့် History နှင့်Step Backward
( CTRL+ALT+Z) တို့ကိုပြင်ဆင်ပြီးဖြစ်ပါတယ်..
ပုံ(၂)
ပုံ(၃)
 

အဆင်ပြေပါစေဗျာ

No comments: