Windows Password ကို အလွယ်တစ်ကူပြောင်းမရအောင်

တော်တော်များများက ကိုယ်သုံးနေတဲ့ computer ကို Password ခံထားတက်ပါတယ်။ အဲဒီ Password ကို ကိုယ်မသိ့တဲ့အချိန် သူများက အလွယ်တစ်ကူ ပြောင်းလို့ မရအောင် လုပ်တဲ့ နည်းကို ကျွန်တော် မျှဝေ ချင်ပါတယ်။ တော်တော်များများလည်း သိ့ပြီးဖြစ်ပါလိမ့်မယ်။ မသိ့သေးတဲ့သူတွေ အတွက်ပေါ့။ အပြည့်စုံဆုံး မဟုတ်တောင် အတော်အသင့်တော့ လုံခြုံမှုရှိသွားတာပေါ့။ အသုံးပြုချင်တဲ့သူတွေ အောက်မှာ ကျွန်တော် ပြထားတဲ့ အတိုင်း လုပ်ကြည့်လိုက်ပါ။

Step (1) Windows Key + R ကို နှိပ်ပြီး Run Box ကို ခေါ်လိုက်ပါ။ gpedit.msc လို့ရိုက် ပြီးရင် Enter ခေါက်ပါ။


Step (2) Group Policy Editor Box ကျလာပါမယ်။


Step (3) Local Computer Policy အောက်က User Configuration အောက်ကို သွားပါ။

Step (4) User Configuration အောက်မှာ Administrative Templates အောက်က System ကို ထပ်သွားပါ။

Step (5) System အောက်ကို ရောက်ပြီဆိုရင် Ctrl + Alt + Del Option ကို Double Click နှိပ်ပြီး ၀င်လိုက်ပါ။

Step (6) Ctrl + Alt + Del Option ရဲ့ ညာဘက် အပေါ်ဆုံးက Remove Change Password ကို Double Click နှိပ်ပါ။


Step (7) အဲဒီနောက် Not Configured ဆိုတာကို Enabled ပြောင်းပြီး Apply / Ok ပေးလိုက်ပါ။


ကျွန်တော်က ကွန်ပျူတာနဲ့ သိပ်မရင်းနှီးတဲ့ သူတွေပါ အဆင်ပြေအောင်ဆိုပြီး ပုံတွေနဲ့ ပြနေတာပါ ။ တစ်ကယ်တမ်း လုပ်လိုက်ရင် လွယ်လွယ်လေးပါ။

Step (8) Windows Key + R ကို နှိပ်ပြီး Run Box ကို ခေါ်ပါ။ ပြီးရင် gpupdate လို့ ရိုက်ပြီး Enter (or) Ok ပေးလိုက်ပါ။


Run Box ကနေ gpupdate လို့ ရိုက်ရတဲ့ အကြောင်းအရင်းကတော့ Computer ကို Restart မချချင်လို့ သုံးလိုက်တာပါ။ ပုံမှန်ဆိုရင် Group Policy ကို တစ်ခုခု ပြင်ပြီးသွားရင် computer ကို restart ချပေးရပါတယ်။ မဟုတ်ရင် မိနစ် 90 နေမှ အဲဒီ ပြင်ဆင်ချက်က Effect ဖြစ်ပါတယ်။ ကျွန်တော်က ချက်ချင်း ဖြစ်စေချင်တဲ့ အတွက် gpupdate ကို သုံးလိုက်တာပါ။
ဒါဆိုရင် Windows Password ကို သူများ အလွယ်တစ်ကူ ပြောင်းလို့ မရတော့ပါဘူး ။ ကိုယ်ပြန်ပြောင်းချင်တယ် ဆိုရင်တော့ အပေါ်ကအတိုင်း သွားပြီး Enabled ကို Not Configured ပြန်ပြောင်းပေးလိုက်ပါ။ နောက် Run Box ကနေ gpupdate လို့ ရိုက်ပေးလိုက်ရင် ရပါပြီ။ အားလုံးပဲ အဆင်ပြေကြပါစေ ။

@ tramyanmar

No comments: