=========================================
မင်္ဂလာပါခင်ဗျာ Samsung Galaxy S4 GT-I9500 ကို Root မလုပ
်ပဲ မြန်မာဖောင့်ထည့်ချင်တဲ့သူငယ်ချင်းများ
အတွက် နည်းလမ်းလေးကိုဖော်ပြပေးလိုက်ပါတယ်။ အရင်ဆုံးလိုအပ်မဲ့ဖိုင်တွေကိုဒေါင်းပါမယ်။
Download Here=> http://www.aungkyaw.com/2013/05/samsung-galaxy-s4-gt-i9500-root.html
ဒေါင်းလုပ်ပြီးသွားရင်တော့ setting ထဲက more ထဲက Permissions အောက်က
Security ထဲက Unknown sources ကို အမှတ်ခြစ်ပါ။ ပြီးရင် usb debugging
ကိုလည်းအမှတ်ခြစ်ပါ့မယ်။ ရှာမတွေ့ရင် setting>>more>>about
device>>build ဆိုတဲ့စာသားလေးကို ( ၇ ) ချက်လောက်နှိပ်ပြီး back key
လေးနဲ့ပြန်ထွက်လိုက်ပါ။ Date and time နဲ့ About device ရဲ့ ကြားထဲမှာ
Developer options ပေါ်လာမှာပါ ။ပြီးရင်အဲဒီထဲကို ၀င်ပြီး usb debug ကို
အမှတ်ခြစ်လုပ်နိုင်ပါပြီ။ အားလုံးပြီးသွားရင်တော့
ဒေါင်းလုပ်ဆွဲထားသောဖိုင်သုံးဖိုင်ကို
install လုပ်လိုက်ပါ။ ပြီးသွားရင်တော့ setting >> My device
>> Display ထဲဝင်လိုက်ပါ။ပြီးရင် Font Style ထဲကို ၀င်ပြီး
အောက်ဆုံးမှာရှိတဲ့ Samsung Sans ဖောင့်ကိုရွေးပေးလိုက်ပါ။
နောက်တစ်ဆင့်အနေနဲ့ကတော့ Setting–>>My device–>> Language and
input–>>Frozen keyboard Pro ကိုရွေးပေးထားပါ။
ထို့နောက်
Dafault ကိုလည်း Frozen Zawgyi Keyboard Pro ကိုရွေးပေးထားပါ။
နောက်ဆုံးအနေနဲ့ကတော့ install လုပ်ထားတဲ့ ifont ဆိုတဲ့ icon လေးကို
ဖွင့်လိုက်ပါ။ အပေါ်ဆုံးတန်းမှာ Install ဆိုတာလေးကိုနှိပ်ပါ။
အောက်မှာကျလာပါလိမ့်မယ် မိမိနှစ်သက်ရာမြန်မာဖောင့်ကိုရွေးပါ
ဥပမာ (Myanmar + SoMa ) ကိုရွေးပြီး install လုပ်ပါ set
ဆိုတာလေးကိုနှိပ်လိုက်ပါ။ OK လို့ပေါ်လာရင်နှပ်လိုက်ပါ။ Device က reboot
လုပ်ဖို့တောင်းဆိုလာပါလိမ့်မယ် အဲဒီအခါကျရင် ပါဝါကီးလေးကို ဖိထားပြီး
Restart ဆိုတာလေးကို နှိပ်ပေးလိုက်ပါ ပြန်တတ်လာပြီးဆိုရင်တော့ facebook ,
Tango , Viber ,contacts တွေမှာမြန်မာလိုပေါ်နေပါပြီ
ရိုက်လို့လည်းအဆင်ပြေပါတယ် facebook မှာဆိုလည်း မမှားသလောက်ပါပဲ
အတော်လေးကိုအဆင်ပြေပါတယ်ခင်ဗျာ ။ ကိုယ်တိုင်စမ်းသပ်ပြီးသားဖြစ်လို့ စိတ်ချလက်ချ ပြုလုပ်ပါခင်ဗျာ။ မရရင်တော့ အစကနေနောက်တစ်ကြိမ်ပြန်လုပ်ကြည့်ပါ အဆင်ပြေသွားပါလိမ့်မယ်။ သူငယ်ချင်းအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။
By: ဆော့ဝဲမြို့တော်
No comments:
Post a Comment