Showing posts with label Hacking. Show all posts
Showing posts with label Hacking. Show all posts

Beini Software ဖြင့် Wifi ဟက်နည်း


 မေးနေကြတဲ့ သူငယ်ချင်းတွေ များနေတာနဲ့ အတော်ပဲဗျာ  အဝေးဆီက မလေးရောက် ခရီးသည် က တဆင့်ချင်း ရှင်းပြထားတာကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ (ကိုယ်တိုင် စမ်းမကြည့်ရသေးပါဘူး)
အားလုံးပဲ မင်္ဂလာပါ။ ၁ရက်နေ့ က တင်ပေးထားတဲ့ အလွယ်ကူဆုံး wifi password ရယူနည်းက April Fools လုပ်ထားခြင်းဖြစ်တာကို ပထမဦးဆုံး ဝန်ခံပါရစေ။ အဲ့ဒီတုန်းက စာနဲ့ အတူ တွဲလျှက်ပါတဲ့ ပုံတွေကတော့ Realtex Wifi Adapter အတွက် သီးသန့် သုံးတဲ့ CDLinux Chinese Version Software ဖြစ်ပါတယ်။ ယခု အတည်ပေးမယ့် Software ကတော့ wireless adapter အားလုံးနဲ့ ကိုက်ညီတဲ့ Beini Software English Version ပဲဖြစ်ပါတယ်။

. Beini Software ကိုသုံးပြီး minidwep-gtk program ဖြင့် wifi password ရယူခြင်းကို တင်ပြချင်ပါတယ်။ ဆော့ဝဲလ်ကို မဒေါင်းခင် ပထမဦးဆုံး လိုအပ်တာကတော့ CD အလွတ်တစ်ချပ်ပဲ ဖြစ်ပါတယ်။ ရှိပြီဆိုလျှင်  Beini Software ကို ဒေါင်းလိုက်ပါ   ။ ဒေါင်းပီးရင်တော့ ထုံးစံအတိုင်း zip ကို ဖြည်လိုက်ပါ။ ဖြည်တဲ့အခါ ပြန်ရှာရ လွယ်ကူအောင် Desktop ပေါ်မှာ ဖြည်စေချင်ပါတယ်။
ဖြည်ပြီးပြီဆိုလျှင် ဖြည်ထားတဲ့ဖိုင်ကို CD တစ်ချပ် ပြုလုပ်ရပါမယ်။ CD ကို CD Rom ထဲ ထည့်ပါ။ Burning Software ရှိသူတွေက အလွယ်တကူ Burn နိုင်သလို Burning Software မရှိသူတွေအတွက်  Winiso Software ကို ဒီမှာ ရယူနိုင်ပါတယ် ။  Winiso ကို ဒေါင်းပီးလျှင်တော့ ထုံးစံအတိုင်း အင်စတော လုပ်ရပါမယ်။ အင်စတောလ် လုပ်ပြီးလျှင် ထို Software ကို Run လိုက်ပါ။
( ၁ ) အောက်ပါပုံအတိုင်း ပေါ်လာလျှင် Cancel ကိုနှိပ်ပါ။


( ၂ ) ပြီးလျှင် Open File ကိုနှိပ်ပါ။





( ၃ ) ပြီးလျှင်တော့ ခုနက Zip ဖြည်ထားတဲ့ Beini ရှိရာကို အောက်ပါအတိုင်း အဆင့်ဆင့် ရွေးပေးရပါမယ်။ 1-> Desktop , 2-> Beini , 3-> Open



( ၄ ) ပီးလျှင်တော့ အောက်ပါအတိုင်း Burn ကိုနှိပ်လိုက်လျှင် Beini CD တစ်ချပ်ရပါပြီ။ သေချာအောင် CD ကို Checking လုပ်ချင် လုပ်နိုင်ပါတယ်။




CD ဖြစ်မြောက်ပြီဆိုလျှင် password ကိုရယူဖို့ အတွက် ၄င်း CD ဖြင့်စက်အား Boot လုပ်၍ ရယူရမည် ဖြစ်သောကြောင့် စက်အား Restart လုပ်ရန် လိုအပ်ပါတယ်။ Boot လုပ်တယ်ဆိုတာ သာမာန်အားဖြင့် စက်အား CD မှတဆင့် windows တင်ရန် Format လုပ်သလိုပါပဲ။ စက်ကို စစဖွင့်ဖွင့်ချင်း Esc, F2, F10 စသဖြင့် မိမိစက်အပေါ်မူတည်၍ နှိပ်ပေးရပါမယ်။ တချို့ စက်တွေကျတော့ ဘာမှနှိပ်စရာမလိုပဲ စက်ထဲ Boot CD ရှိသည်ဆိုလျှင်နှင့် စက်စစဖွင့်ချင်း auto boot လုပ်ပေးပါတယ်။ Boot မလုပ်ခင် မိမိစက်၏ CD Rom ကို Boot လုပ်ပေးနိုင်အောင် Bio Setup လုပ်ထားရပါအုန်းမယ်။ ထို့ အတွက် စက်စစဖွင့်ချင်း F12 ကိုနှိပ်၍ System Setup ထဲဝင်ပါ။ Boot Order မှာ Boot From CD Room ကို Enter Key နှိပ်ပြီး အပေါ်ဆုံးမှာ ထားပေးလိုက်ပါ။ ပြီးလျှင် Exit ( F10 ) ကိုနှိပ်၍ Save လုပ်ကာ ထွက်လိုက်လျှင် Setup ပြီးဆုံးပါပြီ။


( ၁ ) Boot လုပ်လို့  အောင်မြင်သွားလျှင် အောက်ပါပုံအတိုင်း ပေါ်လပါလိမ့်မည်။ ၄င်းမှ ဝိုင်းပြထားသည့် minidwep-gtk ကို ကလစ်နှိပ် ရွေးချယ်ပါ။




( ၂ ) OK ကိုနှိပ်ပါ။




( ၃ ) အောက်ပါပုံအတိုင်း မြင်ရပါလိမ့်မည်။ ထိုအထဲမှ password ရယူနိုင်သည့် wifi မည်မျှရှိသည်ကို ဝိုင်းပြထားသည့် Scan ကိုနှိပ်၍ ရှာပါ။




( ၄ ) အောက်ပါပုံကတော့ Scan ရှာပြီး ရရှိသည့် လိုင်းအရေအတွက် ဖြစ်ပါသည်။ ထိုအထဲမှ မိမိ password ရယူချင်သည့်လိုင်းအား ကလစ်နှိပ်၍ Lanch ကိုနှိပ်ပါ။




( ၅ ) ထိုအခါ password hacking အလုပ်လုပ်နေသည်ကို အောက်ပါပုံအတိုင်း မြင်ရပါလိမ့်မည်။ မျှားပြထားသည့်နေရာသည် IVS ဖြစ်ပြီး ဂဏန်းများ တက်နေသည်ကို တွေ့ ရပါမယ်။ ဂဏန်းအရေအတွက် ၃၀၀၀၀ ကျော်အထိ စောင့်ရန်လိုအပ်ပါတယ်။ ၃၀၀၀၀ နဲ့  ၅၀၀၀၀ ကြားမှာ password ထွက်လာနိုင်ပါတယ်။ password တစ်ခုကို ၁၅မိနစ်မှ မိနစ် ၂၀ခန့်  hack ရပါတယ်။ သတိပြုရန်မှာ hack နေချိန်အတွင်း keyboard မှ space bar ကို မနှိပ်မိစေရန်ပါပဲ။ space bar တစ်ခါနှိပ်လျှင် hack ခြင်းအား ရပ်နေစေပြီး space bar ထပ်မံ နှိပ်ပေးပါက hack ပြန်လုပ်ပေးပါတယ်။ IVS က ကိန်းဂဏန်းပြောင်းလဲရာမှာ ၅ မိနစ်အတွင်း ရပ်တန့် နေတယ်၊ ပြောင်းလဲမှု နှေးကွေးနေတယ်ဆိုရင်တော့ ထိုလိုင်းအတွက် hacking လုပ်ခြင်းကို ရပ်နားပေးလိုက်ပြီး နောက်တစ်ချိန်မှ ထပ် hack ဖို့ မှတ်သားထားပြီး တခြား wifi လိုင်းကို အရင် hack စေချင်ပါတယ်။




( ၆ ) hacking အောင်မြင်သွားပြီဆိုရင်တော့ အေက်ပါပုံအတိုင်း password ထွက်လာပါလိမ့်မယ်။ password ကို Hex key ဆိုပြီး ဖော်ပြထားပါတယ်။ ရေးမှတ်လိုက်ပြီး နောက်ထပ် wifi တစ်ခုကို အထက်ပါအဆင့်အတိုင်း ထပ်မံ hack နိုင်ပါတယ်။




minidwep-gtk ဖြင့် hack ရတာ အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးဖြစ်ပါတယ်။ အားလုံးလဲ နားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လက်တွေ့ ပိုင်း ပိုအားသန်လို့  စာနဲ့ ရေးရှင်းပြတဲ့အခါ ဖတ်ရှုရတာ အဆင်မပြေဖြစ်ခဲ့လျှင် နားလည်ပေးဖို့ တောင်းပန်ပါတယ်။ လောလောဆည် WEP ကိုပဲ hack နိုင်သေးပြီး WPA2-PSK ကိုတော့ လက်လျော့ထားပါတယ်။ တခြား hack နိုင်သူများရှိရင် ဝေမျှပေးဖို့ တောင်းဆိုပါတယ်။


*** Beini Software ဟာ မိမိကိုယ်ပိုင် wifi password ကို ထိုးဖောက်နိုင်ဖို့ အတွက် လေ့ကျင့်ခန်းအနေနဲ့ ထုတ်လုပ်ခြင်းဖြစ်ပါတယ်။ တခြားသူရဲ့ wifi ကို ထိုးဖောက်ခြင်းမပြုပဲ မိမိကိုယ်ပိုင်ကိုသာ ထိုးဖောက်ရန် အလေးအနက် သတိပေးထားခြင်ပါတယ်
သိတတ်လို့ မဟုတ်ဘဲ မသိတာ မရှိစေရန်  ပြန်လည် မျှဝေခြင်းဖြစ်ပါတယ်....
မကောင်းသော ကိုယ်ကျိုးဆောင်ကျဉ်းမှုဖြင့်တော့  အသုံးမပြုစေလိုကြောင်း  
မေတ္တာရပ်ပါရစေ...။

Ref :  http://phyozinlinblogger.blogspot.com
အားလုံးအဆင်ပြေပါစေ.......။

Wep Wpa2-Psk Wifi password ကို hack ကြမယ်


WEP\ WPA ဆိုတာဘာလဲ??? အဲ့ ဒါတော့ ကိုယ့်ဘာသာကိုယ် Google ထဲ မှာ ရှာကြည့်တော့နော်။ သယ်ရင်းတို့ Wireless network ထဲမှာ (security type) WEP\WPA လားဆိုတာ ကြည့်ရအောင်နော်။ အရင်ဆုံး Wireless Network ကို ဖွင့်လိုက်ပါ။
ဒီပုံလေးပေါ်လာပြီဆိုရင်…


Mouse Pointer ကို Wireless နာမည်ပေါ်မှာ တခုချင်းစီ လိုက်ထောက်ကြည့်ပါ။ အဲ့ ဒီမှာ  ( Name\ Signal Strength\ Secrity type\ Radio Type\ SSID ) ပေါ်လာပါလိမ့်မယ်။           (Security Type: WPA2-PSK ) တွေ့ တယ်နော်။ Ok အလုပ်စရအောင်နော်.. Backtrack3 Windows ကို ဖွင့်လိုက်ပါ။ တခုပြောပြမယ် ကျွန်တော် အခုရေးနေတဲ့ အထိကို Live DVD နဲ့ သုံးနေတာနော်။ 
Install မလုပ်နဲ့ အုံး Install လည်းလုပ်စရာ မလို သေးဘူး အားလုံးရှုပ်ကုန် လိမ့်မယ်။ Live DVD နဲ့ ဘဲ တိုက်ရိုက်သုံးပါ။ BT3 Boot တက် ချိန်မှာ Auto start မဖြစ်ဘဲ Login-id နဲ့  password တောင်းလာခဲ့ ရင် ( Login-id မှာ root ) ( password မှာ toor ) ရေးထည့်ပြီး Enter နှိပ်ပါ။ Windows တက်လာပါလိမ့်မယ်။ တကယ်လို့  windows မတက်ဘဲ ( root@bt:~# ) နဲ့ ရပ်သွားခဲ့ မယ်ဆိုရင် { root@bt:~# } ရဲ့ ဘေးနားမှာ startx command ရေးပြီး Enter နှိပ်ပါ။ (ex- root@bt:~#startx ) windows တက်လာပါမယ်။ windows တက်လာပြီဆိုရင် BT3 ရဲ့  windows icon ကို Click ပါ။ ပြီးရင် အောက် က ပုံ အတိုင်းသွားမယ် နော်...

 (Windows\ Backtrack\ Radio network\ 80211\ All) Spoon WPA ကို click ပါ။ Spoon WPA Setting ချိန်ရပါမယ်။ အောက်က ပုံကိုဆက် ကြည့်ပါ။


Net Card Choose ကို Click နှိပ်ပြီး ETH1 သို့ ပြောင်းပါ။ ပြီးရင် အောက်က Driver နဲ့  Mode ကို လည်း ပုံထဲက ပြထားတဲ့ အတိုင်း ပြောင်းပေးပါ။ အဆင့် သုံးဆင့်ပြောင်းပြီးပြီ ဆိုရင် Next ကို click ပြီး Discovery သို့ ပြောင်းပါ။ ပုံကိုကြည့်ပါ။


Choose Channel ကို click ပြီး Fixed Channel ကို Select ပါ။ Channel ဘားလေးကို မူလ 6Chn ကနေ 11Chn သို့  ပြောင်းပေးပြီး Launch ကို Click ပါ။ Scan စဖတ်ပါလိမ့်မယ်။ Scan ဖတ်ပြီး ESSID- saweet\ Chan 11\ Clis ဘောင်ကွက်လေးထဲ မှာ အမှတ်ခြစ်ပုံလေးနဲ့ တွေ့ ရပါမယ်။ Selection ok ကို click ပြီး Handshake Capture ကိုဆက်သွားမယ်နော်။ ပုံကို ကြည့်ပါ။


Handshake ရောက်ပြီဆိုရင်  အရင်ဆုံး Inj Rate ကိုချိန်ရမယ်နော်။ အခု ကျွန်တော်  Inj600 ဘဲထားမယ်၊ Channel က 11  ( ပုံထဲမှာ အနီနဲ့ ဝိုင်းပြထားတယ် )။  ပြီးရင် ( Launch Automated Handshake) ကို click ပါ။Step 1 ရဲ့  Handshake အပိုင်းကို ဆက်သွားမယ်နော်။ အောက်က ပုံအတိုင်းမြင်ရပြီဆို ရင် Handshake Capture ရပ်သွားပါလိမ့်မယ်။ 

အခု ကျွန်တော် Cracking ကို Click နှိပ်ပြီး ပုံမှာပြထားတဲ့ အတိုင်း Setting ချိန်မယ်နော်။ 

Setting ချိန်ပြီးရင် Automated Handshake Cracking ကို Click ပြီး လုပ်စရာရှိတာ ဆက်လုပ်တော့ အချိန်နည်းနည်း တော့ စောင့်ရမယ်။ Data အတက်အကျ ကြည့်ချင်ရင်  Taskbar ပေါ်က WPA Traget scan ကို Click နှိပ်ပြီးကြည့်ပါ။ အနည်းဆုံး Data ၃၀၀၀၀ ကနေ ၁၀၀၀၀၀ အထိ စောင့်ရလိမ့်မယ်။  WEP နဲ့  WPA Password Hack နည်းမတူပါဘူး၊ WEP က လွယ်သလောက် မြန်သလောက် WPA က ခေါင်းပါ မီးထလောင်သွားနိုင်တယ် မယုံ မရှိနဲ့ ။ 
အခု ကျွန်တော် ပြောပြခဲ့ တာတွေက သူငယ်ချင်းအားလုံး အလွယ်နားလည်နိုင်အောင် ရည်ရွယ်ပြီး Spooon WEP/WPA နဲ့  တင်ပြပေးထားတာပါ။ တကယ်ခေါင်းစားမှ ကြိုက်ပါတယ် ဆို တဲ့  သူငယ်ချင်းတွေအတွက် ကတော့ Linuxs နဲ့  Password Hack နည်း တင်ပေးမယ် ခေါင်းမီးထတောက်ရင် တော့ တာဝန်မယူဘူးနော်။ ပျော်စရာတော့ ကောင်းပါတယ်။ Linuxs ကို ပိုင်တဲ့ ညီအကိုတွေ ဆရာသမားတွေ ကျွန်တော့် အရေးအသား အမှားပါရင် ကြိုတင်တောင်းပန်ထားမယ်နော်… အားရအောင်တော့ ပြောပြီးပြီ.. ကဲ အောက်ကပုံကို ကြည့်လိုက်တော့..

ရလာတဲ့  WPA Key ကို စာရွက်ထဲ မှာချရေးပြီးတော့ ဆက်လုပ်တော့.. ကျွန်တော် ၁ ခု ပြောချင်တာက wireless router security type ကို WPA-Psk သုံးဖို့  အကြံ ပြုချင်ပါတယ်. WPA က Hacker ကို အသေသတ်တဲ့  Security Type ပါ. ဒါမှ ကိုယ့် Wireless ကို တခြားလူတွေ အလွယ်တကူ Hack လို့ မရပါဘူး။ Ok 

ကိုမင်းကိုအောင်

Source by :http://minkoaung2323.blogspot.com/p/wifi-password-hack.html