Showing posts with label Clock. Show all posts
Showing posts with label Clock. Show all posts

ထမင်းမေ့ဟင်းမေ့ အင်တာနက်သုံးပြီး သတိမေ့တတ်သူများအတွက် Online Alarm Clock လေးပါ။

အင်တာနက် သုံးဖို့ ကွန်ပျူတာရှေ့ ထိုင်လိုက်ပြီ ဟေ့ဆိုလိုက်တာနဲ့ ...နာရီ
မသိ ၊ အချိန် မရှိတော့ ။ ဘယ်အချိန်တွေ ဖြစ်လို့ ဖြစ်မှန်းလဲမသိ ။ ဘာလုပ်လို
့လုပ်ရမှန်းလဲ မသိ ။ ချိန်းထားတာတွေ အကုန်လွဲ ... ။ ဟိုလွဲ ဒီလွဲ
ဖြစ်နေသူများအတွက် ..... ။
အင်တာနက် များသုံးမိပြီဆိုလျှင် ဆေးသမားများ ထက် ဆိုးသည် ဆိုသည်ကို ယခု လက်ရှိ အင်တာနက် အသုံးပြုသူတိုင်း
သဘောပေါက်ကြပါလိမ့်မယ် ။ ခဏလေးလို့ ထင်လိုက်ပေမဲ့ .. တစ်နာရီ ၊
နှစ်နာရီလောက်ကြာချင်လည်း ကြာနေတတ်တယ် ။ ပြီးတော့မှ ..... ဟာ ..သွားပြီ .. ။
လုပ်စရာရှိတာတွေ မလုပ်ရဘူးးးး ဟု ... လွဲသွားသူတွေ တစ်ပုံကြီးးးးး ။
အဲ့ဒါကြောင့် အဲ့လို မဖြစ်ရအောင် ... အင်တာနက် သုံးနေတာလေးလည်း မပျက်အောင်.....ဒီလိုလေးပဲ လုပ်ထားပေးလိုက်ပါ ... ။
http://kukuklok.com/ (Click) ဒီမှာယူပါ
click တစ်ချက် နှိပ်ပြီး အဲ့ဆိုဒ်လေးကို ဖွင့်ထားပေးလိုက်ပါ ။ ဖွင့်လိုက်တာနဲ့ .ရိုးရှင်းလှတဲ့ ဆိုဒ်ရဲ့ အပြင်အဆင် ဟာ ..စိတ်ကို
ဖမ်းစားသွားပါလိမ့်မယ် .... ။
Digital နာရီလေး တစ်လုံးးးးး ( အပေါ်မှာ လက်ရှိ ရောက်နေတဲ့ current time ကို ပြနေလိမ့်မယ် ) နဲ့ ...
ဘေးနားမှာ ကြက်ဖ ပုံလေးနဲ့ ..... ( ရွာက ကြက်တွန်သံလေး အလွမ်းပြေပေါ့....)
အဲ့ဒါဆို အရင်ဆုံး ကိုယ် လုပ်စရာ ရှိတဲ့ အချိန် ကို နာရီလေးမှာ ချိန်ပြီး set alarm ပေးလိုက်ပေါ့.... ။
ပြီးရင် ကြက်ဖ ပုံလေးမှာ preview sound ကို နှိပ်ကြည့်လိုက်ပါ ... ။ အဲ့ဒါဆို မိမိ
alarm ပေးထားတဲ့ အချိန်မှာ ကြက်တွန်သံနဲ့ ... alarm လေး ပေးနေပါလိမ့်မယ် ။
( ကြက်ဖ ပုံလေး ဘေးနားက arrow လေးတွေကို နှိပ်ပြီး ရိုးရိုးနှိုးစက် နာရီသံ
၊ electronic တတီ...တီ..မြည်သံ ၊ slayer guitar မြည်သံ အကျယ်ကြီးနဲ့ ...၊
တပ်မတော်သားများအကြိုက် .. စစ်ချီတေးသံ ... အစရှိတဲ့.. မိမိ
ကြိုက်နှစ်သက်ရာ alarm အသံများကိုလည်း ရွေးချယ်ပေးလို့ ရပါသေးတယ် ။ )
အဲ့ဒါဆို ရင်... အဲ့ဆိုဒ်လေး ကိုဖွင့် alarm လေးကို set လုပ်ပေးပြီးး မိမိ
သုံးချင်တဲ့ .. အင်တာနက်ကို ကြိုက်သလို ထိုင်သုံးနေပါ... ။ alarm လေး
မြည်လာတဲ့ အချိန်မှာတော့ .. မိမိ တစ်ခုခု လုပ်စရာ ရှိလာပြီ ဆိုတာကို ..
အလိုလို alarm မြည်သံ ကြားတာနဲ့ သတိရလာပါလိမ့်မယ် ..... ။
(Online Alarm Clock လေး ဖြစ်တာကြောင့် နက် မရှိတဲ့ အိမ် က စက်တွေကတော့ အဆင်ပြေမှာ
မဟုတ်ပါဘူး ။ အင်တာနက် အသုံးပြုနေရတဲ့ ရုံးဝန်ထမ်းတွေ အတွက်ကတော့ ဒီ Online
Alarm Clock လေးက ပြောမပြတတ်လောက်အောင် အဆင်ပြေစေပါလိမ့်မယ်..... ။ )
အားလုံးပဲ .. အင်တာနက်သုံးပြီးး လုပ်စရာ ရှိတဲ့ အချိန်မှာ လုပ်စရာ ရှိတဲ့ အလုပ်ကို
..ပြီးပျက် အောင်မြင်စွာ လုပ်ဆောင် နိုင်ကြပါစေဗျာ .... ။



တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

Desktop နာရီ The Areo Clock

ထက်ထက်အခုတင်ပေးမဲ့ ဒါလေးကတော့ နောက်ဆုံးတွေ့ထားတဲ့ Desktop နာရီလေးပါ
အပေါ်နာရီလေးပါ အပေါ်ကနာရီလေးကိုကြည့်လိုက်ပါ သူ့ရဲ့ အရွယ်အစားကိုတော့
ကိုယ်ကြိုက်သလိုပြောင်းလို့ရပါတယ် ကိုယ်ထားချင်းတဲ့ Screen ရဲ့ ဘယ်နေရာမှာမဆို
လိုသလိုရွှေ့သုံးလို့ရပါတယ် သုံးရလွယ်တဲ့ Portable လေးလည်းဖြစ်ပါတယ် နာရီရဲ့
အရောင်ကိုလည်း ကိုယ်ကြိုက်တဲ့အရောင် ပြောင်းလို့ရပါသေးတယ် အောက်မှာ ဒေါင်း
ယူထားလိုက်ပါ လိုအပ်တော့လည်း သုံးရတာပေါ့ နှစ်နေရာတင်ပေးထားပါတယ်
မူရင်း

Desktop ပေါ်မှာထားဖို့ Portable Clock များ




Window 7 Default Clock လေး တွေနဲ့ ပျင်းရိနေပါပီဆိုတဲ့ သယ်ငယ်ချင်းတို့ အတွက်
Window Desktop ပေါ်မှာထားဖို့ ဒီfree Vector Clocks လေးတွေကို စမ်းကြည့်နိုင်စေဖို့ပါ..။
Portable လေး တွေကို လိုရင်ခဲ့ရင်တော့ စိတ်ကြိုက်သာ ဒေါင်းယူလိုက်ပါ ဗျာ ...။




မသိသေးသူများအတွက်သာ
အဆင်ပြေကြပါစေ
မျိုးကိုကို

လန်ထွက်နေလို့ ခြံခတ်ရမယ့် နာရီတွေ

ထက်ထက်ကတော့ တကယ်ကို နှစ်ခြိုက်မိပါတယ်.
ညီအစ်ကိုမောင်နှမတွေရဲ့ Desktop ပေါ်မှာ နာရီလှလှလေးတွေ တင်လို့ရပါတယ်..
အခုလို နာရီလေးတွေပေါ့
နာရီအလယ်တည့်တည့်က Icon လေးကို နှိပ်လိုက်ရင် နှိုးစက်ချလို့ရပါတယ်..
Icon  လေးကို နှိပ်လိုက်ရင် အောက်ပါအတိုင်း ပေါ်လာပါမယ်.
နှိုးစက်ချပုံလေးကတော့ ပုံမှာ ပြထားတဲ့အတိုင်း Set Alarm ကိုနှိပ်ပါ။
အောက်ပါ ပုံလေးအတိုင်းကျလာပါမယ်..

1။ Set Alarm ကို အမှန်ခြစ်ပါ။
2။ Now plus ကို အမှန်ခြစ်ပြီး ပြောင်းချင်တဲ့ နာရီ ၊ မိနစ် ၊ စက္ကန့်ရှေ့မှာ အမှန်ခြစ်ပြီး အတိုးအလျှော့ကို 2 အောက် အပေါ်အောက် မြှားနဲ့ ပြောင်းလို့ရပါတယ်..
3။ ဘယ်သူအလန်းချတယ် ဆိုတာကို ထည့်ထားလို့ရပါတယ်..
ဥပမာ... သူငယ်ချင်းတွေ စုအိပ်တဲ့အခါ အလန်းက မြည်ပါမယ်..အဲဒီအခါ ဘယ်သူအလန်းချတယ်.ဆိုတာကို နာမည်လေးပေါ်တော့ သူမနိုးရင်လဲ နိုးတဲ့သူက နှိုးပေးလို့ရပါတယ်..
4။ ဒီနေရာမှာကတော့ အလန်းနှိုးတဲ့အခါ သာယာဖွယ် သီချင်းသံလေးတွေနဲ့ နှိုးလို့ရပါတယ်..
5။ Test ကတော့ မိမိပြုလုပ်ထားတဲ့ Setting ကို စမ်းသပ်ကြည့်လို့ရပါတယ်..
ကြိုက်ရင် Ok လုပ်လိုက်ပါ...
စမ်းသပ်တဲ့အခါ ဒီလိုလေးပေါ်နေပါလိမ့်မယ်.