Facebook Backup လုပ်နည်း

သင့် facebook account ထဲက ဓာတ်ပုံတွေ.. ဗွီဒီယိုတွေနဲ့ စာသားတွေကို backup လုပ်ချင်ပါ သလား ....
Facebook ဟာ သူ့ရဲ့ user တွေကို သူတို့ရဲ့ ဓာတ်ပုံတွေ... ဗွီဒီယိုတွေနဲ့ စာသားတွေအာလုံးကို Backup လုပ်ဖို့ ခွင့်ပြုပေးထားပါတယ်... လုပ်ဆောင်ရမယ့် အဆင့်ဆင့်ကို လေ့လာ ကြည့်လိုက်ကြရအောင်...
backup-facebook
ပထမဆုံး သင့်အကောင့်ထဲ ဝင်လိုက်ပါ.... ပြီးရင် အပေါ်က blue bar လေးရဲ့ ညာဘက်ထောင့်မှာရှိတဲ့ စက်သွားပုံလေးကိုနှိပ်လိုက်ပါ... အဲ့ဒီမှာ ပေါ်လာတဲ့ထဲက Account Settings ဆိုတာကို ထပ်နှိပ်ပါ...
အဲ့ဒီ အခါမှာ General Account Settings ထဲကို ရောက်သွားပါလိမ့်မယ်... အလယ်က အကွက်ထဲက Name, Username တို့ရဲ့ အောက်ဆုံးမှာ Download a copy of your Facebook data. ဆိုတာကိုတွေ့ရပါလိမ့်မယ်... အဲ့ဒီ Download a copy ဆိုတာလေးကို နှိပ်လိုက်ပါ...
အဲ့ဒီအခါ ပုံမှာပြထားတဲ့အတိုင်း Download Your Information ဆိုတာလေး တက်လာပါလိမ့်မယ်... အဲ့ဒီက Start My Archive ဆိုတဲ့ ခလုတ် အစိမ်းလေးကို ထပ်နှိပ်လိုက်ပါ...
သင့်ရဲ့ password ကိုတောင်းပါလိမ့်မယ်... password ရိုက်ထည့်ပေးလိုက်ပါ... ပြီးရင် သင့်အချက်အလက် အားလုံးကို စုဆောင်းဖို့ အချိန်ယူဖို့ လိုမယ့်အကြောင်း message တစ်ခုပေါ်လာပါ လိမ့်မယ်...
သင့်အချက်အလက်တွေ download ချဖို့ အဆင်သင့်ဖြစ်တာနဲ့ သင့်ဆီကို မေးလ်တစ်စောင် ရောက်လာပါလိမ့်မယ်... အဲ့ဒီမေးလ်ထဲက လင့်အတိုင်း သွားလိုက်ရင် သင့် personal အချက်အလက်တွေ အားလုံးကို .zip file နဲ့ ချုံ့ထားပြီး အလွယ်တကူ download လုပ်ယူနိုင်ပြီ ဖြစ်ပါတယ်...
နှိုင်းရင့်နွေ
computer hub မှ...

မလိုအပ်တဲ့ Temporary Files တွေကို Click တစ်ချက်နဲ့ ရှင်းပစ်မယ်


မိမိတို့ ကွန်ပျူတာမှာ မလိုအပ်တဲ့ Temporary Files တွေကို Click တစ်ချက်ထဲနဲ့ Clean လုပ်ပေးတဲ့ Software အလန်းလေးပါ... TFC.exe ဖိုင်လ်လေးကို Desktop ပေါ်မှာထားပြီး Run ပါ .. Clean လုပ်ပြီးရင် Restart ချပေးပါ..။ ဒီလို မလိုအပ်တော့တဲ့ Temporary Files တွေကို ရှင်းပေးခြင်းဖြင့် ကွန်ပျူတာဟာလည်း သွက်လက်မြန်ဆန်လာစေမှာပါ....:)

Delete Temporary Files from Your Computer with one click!

Unwanted files constantly exist in our computers from internet browsing, programs installation, etc. All these unwanted files waste our hard disk space and delay the computer speed. Fortunately there is the free utility named "TFC – Temp File Cleaner" by OldTimer, that can clear out all temp folders for all user accounts (temp, IE temp, java, FF, Opera, Chrome, Safari), with a few clicks. The program can be run in both 32bit and 64bit OSs.



Click Here to Download
 
 www.winkabarkyaw.net

✔ Laptop မှာ Wifi သုံးလို့မရတဲ့ ပြဿနာကို ဖြေရှင်းနည်း စာအုပ်✔ (Credit "pthaw")

image


  -Laptop မှာ Wifi ချိတ်ဆက်သုံးလို့မရတဲ့
သူများအတွက် ဒီစာအုပ်လေးကို ဖတ်ရှုလေ့လာလုပ်ဆောင်ကြည့်လိုက်ပါ။
(Credit "Pyae Thaw)
★ စာအုပ်အားဒေါင်းယူရန် လင့်ခ်★


   အဆင်ပြေ ပါစေ။

Pcမှာ သီချင်းနားထောင်လျှင် စားသားပါမြင်ရတဲ့ ဆောစ့်ဝဲလ် Minilyrics v7.6.37 (2MB)

 Pcမှာ သီချင်းနားထောင်လျှင် စားသားပါမြင်ရတဲ့ ဆောစ့်ဝဲလ်လေးပါ နောက်ဆုံး အပ်ဒိတ်လေးဖြစ်ပါတယ်
http://www.crintsoft.com/ မှာလေ့လာပြီးကြိုက်ရင် အောက်ကလိပ်စာမှာရယူနိုင်ပါတယ်

Install လုပ်ပြီး လိုင်စင်ဗားရှင်းဖြစ်ဖို့အတွက်ကတော့ ဒေါင်းထားတဲ့အထဲမှာပါတဲ့ 
Loader.installer.exe ကိုကော်ပီကူး C:\Program Files\MiniLyrics\ အထိသွားပြီး ထည့်လိုက်ပါ
ပြီးရင် Loader.installer.exe Run လိုက်ပါ အဲဒါပြီးရင် အသုံးပြုလို့ရပါပီ
(မြန်မာသီချင်းမပါ)

Features of SUPERAntiSpyware Professional 5.7.1008 Full + Keygen



မင်္ဂလာပါ မိတ်ဆွေတို့ရဲ့စက်တွေမှာ တစ်ချို့သောဖိုင်တွေ ဆော့ဝဲလ်တွေကနေ ကပ်တွယ်ဝင်ရောက်လာတဲ့ Spyware, Adware, Malware, Trojans, Dialers, Worms, KeyLoggers တွေကို အပြတ်ရှင်းပေးမယ့် ဆော့ဝဲလ်လေးပါ အသုံးပြုချင်တဲ့ မိတ်ဆွေရှိရင် အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ .. သူ့ရဲ့လုပ်ဆောင်ချက်တွေကို အောက်မှာဆက်ဖတ်လိုက်ပါ အုံး

Features of SUPERAntiSpyware Professional 5.7.1008 Full + Keygen:


  •     Quick, Complete and Custom Scanning of HDD, Registry, Memory and more.
  •     Detect and Remove Spyware, Adware, Malware, Trojans, Dialers, Worms, KeyLoggers and many other threats.
  • Repair broken Internet Connections, Desktops, Registry Editing, Task Manager and more.
  •     Real-Time Blocking of threats.
  •     Schedule either Quick, Complete or Custom Scans Daily or Weekly.
  •     Quarantine items detected and removed for complete protection.
  •     Detailed scan logs with complete information about detected and removed threats and their locations.

 Download Link >>> ( Zippyshare / TusFiles )



မူရင်းက ။     ။    ဒီမှာ





ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ

✔Desktop PC တစ်လုံးဝယ်တော့မယ်ဆိုရင် သိထားသင့်သည်များ✔


image

✔Desktop PC တစ်လုံးဝယ်တော့မယ်ဆိုရင်
သိထားသင့်သည်များ✔
Laptop ကို အသုံး ပြုသူ အများ စုရဲ့ ရည်ရွယ် ချက်ဟာ အလုပ် လုပ်ဖို့နဲ့ ဂိမ်းကစား ဖို့အတွက် ဘယ်နေရာ ကိုမဆို သယ်သွားလို့ ရနိုင်အောင် ဖြစ်ပါတယ်။ ဒါပေမဲ့ စွမ်းဆောင်မှု ကောင်းတဲ့ Laptop တွေဟာ ဈေးကြီး တတ်သလို နောက်ဆုံးပေါ် ဂိမ်းတွေ၊ ဒါမှ မဟုတ် ဗွီဒီယို တည်းဖြတ် မှုနဲ့ Graphics ပိုင်း တွေမှာ မနိုင်တာ မျိုးတွေ ဖြစ်တတ် ပါတယ်။ ဒါကြောင့် Desktop PC ကို ပြောင်းသုံး ချင်လာ တတ်ကြ ပါတယ်။ ယနေ့ ခေတ်မှာ Desktop တွေဟာ စွမ်းဆောင်မှု အပြည့် အ၀ ပေးနိုင်တဲ့ အပြင် စတိုင် ကျပြီး နေရာလည်း သိပ်မယူ တော့ပါဘူး။ အခုမှ စပြီး ကွန်ပျူတာကို သုံးမယ့် သူတွေဟာ  Desktop တစ်လုံး ၀ယ်ဖို့ အတွက် အနည်းဆုံး ဒီအချက် တွေကို သိထားသင့် ပါတယ်။

-Processor-
Processor ဆိုတာ PC တစ်လုံးရဲ့ အင်ဂျင်လို့ ဆိုနိုင် ပါတယ်။ မြန်ဆန်ပြီး စွမ်းဆောင်မှု ပြည့်ဝတဲ့ Processor ဟာ သင့်ရဲ့ ကွန်ပျူတာကို အချိန်တို အတွင်းမှာ အလုပ် တွေကို လျင်လျင် မြန်မြန်နဲ့ ပြီးစေ ပါတယ်။ Intel’s Core Processor တွေဟာ အခြေခံ အားဖြင့် သုံးမျိုး ခွဲခြား ထားပါတယ်။ အဲဒါတွေ ကတော့ i3, i5, i7 တို့ ဖြစ်ပြီး သာမန်၊ ပိုကောင်း တာနဲ့ အကောင်းဆုံး ဆိုပြီး ခွဲခြားထား တာပါ။ Core i3 Processor ကိုတော့ လုပ်ငန်း သုံးဖို့နဲ့ Entry-level System တွေမှာ အသုံး ပြုတတ် ကြပါတယ်။ Core i7 ကိုတော့ High-end PCs တွေ အတွက် သုံးပြီး Core i5 ကတော့ သာမန် အလယ် အလတ် တန်းစားတွေမှာ အသုံးပြုပါတယ်။ Basic computing အတွက်ဆိုရင်တော့ Core i3 ဒါမှမဟုတ် Core i5 တို့ကို အသုံး ပြုရင် အဆင် ပြေပေမယ့် တကယ်တမ်း စွမ်းဆောင်မှု အပြည့်အ၀ သုံးဖို့ လိုတာမျိုး ဒါမှ မဟုတ် Advanced Gaming တွေမှာ ဆိုရင်တော့ Core i7 ကို အသုံး ပြုသင့် ပါတယ်။

-Memory(RAM)-
Processor ဟာ PC တစ်လုံးရဲ့ အင်ဂျင် ဆိုရင် Memory ဟာ လောင်စာဆီ တစ်ခု ဖြစ်မှာပါ။ သင့်ရဲ့ Desktop PC မှာ Application အမျိုးမျိုးကို ဖွင့်မယ် ဆိုရင် Memory ကနေ တစ်ဆင့် တင်ပေး ရတဲ့ အတွက် သူဟာလည်း အရေးပါ ပါတယ်။ Memory အရွယ် အစားပေါ် မူတည်ပြီး သင့်ရဲ့ PC ဟာ မတူညီတဲ့ Application ဘယ်လောက်ကို တစ်ချိန် တည်းမှာ ပြရ မလဲ ဆိုတာကို တွက်ချက် နိုင်မှာ ဖြစ်ပြီး Overall Performance ဟာလည်း Memory ပေါ်မှာ မှီခိုနေ ပါတယ်။
လက်ရှိ အချိန် မှာတော့ RAM 4GB ဆိုတာ အနည်းဆုံး ဖြစ်ပြီး Gigabyte ပိုများလေ၊ လုပ်ငန်း များများကို ပိုလုပ်ပေး နိုင်လေ ဖြစ်ပါတယ်။ ဓာတ်ပုံ၊ ဗွီဒီယို၊ 3D ရုပ်ပုံ တွေနဲ့ ပတ်သက်တဲ့ တည်းဖြတ်တာ အစ ရှိတဲ့ လုပ်ငန်းမျိုး တွေကို လုပ်မယ် ဆိုရင်တော့ အနည်းဆုံး Memory 8GB လောက်ကို အသုံး ပြုမှ အဆင် ပြေပြေ လုပ်နိုင်မှာ ဖြစ်ပါတယ်။ တကယ် လို့များ သင်ဟာ Memory 4GB ထက် များတာကို သုံးဖို့ လိုတယ် ဆိုရင်တော့ သင် အသုံး ပြုမယ့် Windows Version ဟာ 64-bit ဖြစ်ဖို့ လိုပါတယ်။

-Expandability-
Desktop PC တွေရဲ့ အားသာချက် တစ်ခု ကတော့ သုံးရတာ ပိုအဆင် ပြေစေဖို့ အတွက် အစိတ် အပိုင်း တွေကို ထပ်ထည့်တာ လဲတာ မျိုးတွေ လုပ်လို့ ရတာ ဖြစ်ပါတယ်။ အရွယ် အစား ပိုကြီးတဲ့ Tower Case တွေမှာ အကန့်တွေ ပိုများတဲ့ အတွက် Hard Drives, DVD Drives, Graphics Card နဲ့ တခြား အစိတ် အပိုင်း တွေကို စိတ်ကြိုက် ထည့်ဖို့ ပိုအဆင် ပြေစေ ပါတယ်။

တကယ်လို့ သင့်ရဲ့ Tower Case ဟာ အသေးစား ဒါမှ မဟုတ် All-in-one အမျိုး အစား ဖြစ်ပြီး Expand လုပ်ဖို့ အတွက် လိုအပ်တဲ့ Port တွေ ရှိမယ် ဆိုရင်တော့ External Device တွေကို ပေါင်းထည့် ပြီးတော့ Capabilities မြှင့်လို့ ရပါတယ်။ USB, Thunderbolt, Firewire, HDMI နဲ့ တခြား Port တွေဟာ တခြား External Hard Drive တွေ ဖြစ်တဲ့ External Hard Drives, Webcams အစ ရှိတာ တွေကို ချိတ်ဆက် ပေးနိုင်မှာ ဖြစ်ပါတယ်။
(Reference: Pcworld.com)

Revo Uninstaller Pro 3.0.8 ML Full


 
 Revo Uninstaller ကသူငယ်ချင်းတို့ရဲ့ကွန်ပြုတာမှာ မလိုအပ်တဲ့ဆော့လ်ဝဲတွေကို unistall လုပ်ပေးပါတယ်၊တစ်ချို့ဆော့လ်ဝဲတွေကို ဖျက်ရာမှာကွန်ပြုတာမှာပြဿ     နာတတ်ပြီး သူတို့ကို Control Panel "Windows Add or Remove Programs” ကနေဖျက်လို့မရပါဘူး၊ ဒီဆော့လ်ဝဲက "Windows Add or Remove Programs" 
applets ထက်ကိုအရမ်းမြန်ပြီး အစွမ်းပိုထက်ပါတယ်၊ ဒီဆော့လ်ဝဲကဖျက်ပြီးရင်လည်း ဖျက်လိုက်တဲ့ဆော့လ်ဝဲရဲ့ဖိုင်တွေကျန်ရှိသေးလားဆိုတာကို အဆင့်မြင့်ပြီး မြန်ဆန်တဲ့စနစ်ကိုသုံးပြီးတော့ စစ်ဆေးပေးပါတယ်၊ပြီးတာ့ ဆော့လ်ဝဲရဲ့အချက်အလက်များကို မဖျက်ခင်(uninstall) နဲ့ (Scan) မစစ်ဆေးတုန်းမှာ စီစစ်ပေးပါတယ်၊ကွန်ပြုတာမှာကျန်ရှိပြီး မလိုအပ်တဲ့ files, folders, registry keys ကိုလည်း ဖယ်ရှားပေးပါတယ်၊ဒီဆော့လ်ဝဲကိုသုံးပြီး တစ်ခြားဘာတွေလုပ်လို့ရသေးလဲဆိုတာကို
အောက်မှာဖတ်နိုင်ပါတယ်၊
  
Download >> Link 1 / Link 2
Scanning for leftovers after uninstall – With its advanced and fast algorithm, Revo Uninstaller analyzes an application’s data before uninstall and scans after you uninstall a program. After the program’s regular uninstaller runs, you can remove additional unnecessary files, folders and registry keys that are usually left over on your computer.
Forced Uninstall – Uninstall even already uninstalled programs. This feature allows you to remove leftovers of programs that are already uninstalled, incomplete installations and uninstall remnants of programs!
Real-Time Installation Monitor – Revo Uninstaller Pro has real-time program installation monitoring. It detects system changes during installation, so you can undone them later.
Multi-Level Backup System – Revo Uninstaller Pro creates backups of removed registry keys, values, files and folders. It also creates full registry backup each time you uninstall a program.
With its unique “Hunter mode”, Revo Uninstaller offers you some simple, easy to use, but effective and powerful methods for uninstalling software. You can use it to manage your installed and/or running software programs.
Changes in 3.0.8:
  • Added – Backup creation before Traced Uninstall
  • Fixed bugs
  • Added Norwegian language and updated language files




ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ

Nokia Lumina (Windows Phone) မှာ မြန်မာဖောင့် ထည့်ချင်တဲ့သူငယ်ချင်းတွေ ဒီနည်းကို စမ်းကြည့်ပါ။

အွန်လိုင်းမှာ သူငယ်ချင်းတော်တော်များက Nokia Lumina (Windows Phone) တွေ မြန်မာဖောင့် ထည့်ချင်တယ်။ ထည့်နည်းတွေ မေးနေကြတာ များလို့ ဆိုဒ်တွေမှာ နည်းလိုက်ရှာရင်း အလင်းသစ် ဆိုဒ်မှာ ဒီနည်းလေးတွေ့လို့ မူရင်းအတိုင်း ပြန်ရှယ်လာခဲ့တာပါ။ တစ်ခုရှိတာက ဒီနည်းကို ကျနော်ကိုယ် တိုင် စမ်းသပ် ဖို့က Nokia Lumina ကိုင်မထားလို့ မစမ်းရသေးပါဘူး။

ကိုယ်တိုင်ပဲ စမ်းသပ်ကြည့်လိုက်ကြပါ။ တခု သိထားရမှာက နည်းလမ်းတွေကိုရှာဖွေရ တာဟာ အိပ်ရေး ပျက်ခံ၊ အပင်ပန်းခံပြီးရှာရတာမို့ တစ်ခုခုအဆင်မပြေ ခဲ့ရင် အပြစ်မဆိုကြဖို့ ကြိုတင်ပြီး သတိပေး ချင်ပါတယ်။ မူရင်းပို့စ်ပိုင်ရှင် ကိုယ်တိုင်စမ်းသပ်ဖော်ပြထားတဲ့နည်း၊ သူအသုံးပြုခဲ့တဲ့ Device တွေနဲ့ ဆိုရင်တော့ အဆင်ပြေမှာပါ။

အခြား Device တွေကိုလည်း ကျွန်တော်အနေနဲ့ မစမ်း သပ်နိုင် လို့ နားလည်ပေးစေချင် ပါတယ်။ အောက်က ပို့စ်တွေဟာ မူရင်းပို့စ်ပိုင်ရှင်ရဲ့ စာသားအတိုင်းပဲ ကော်ပီပြီး ပြန်လည်မျှဝေပေး လိုက်တာပါ။ တခုခု အဆင်မပြေလို့ မေးချင်တယ်ဆိုရင် ပိုစ်ရေးသားသူ ပိုင်ရှင် aung575@gmail.com ကို အက်ပြီး မေးမြန်းနိုင်ပါတယ်။
***************************************************
အီးမေးလ်ကရော ဖုန်ဆက်ပြီးပါ ကျွန်တော့်ဆီကိုမေးထားတဲ့ မေးခွန်းလေးတခုပါ။ အခုလဲ Cbox မှာ ညီ တယောက်ကမေးလာပြန်ပြီ။ အရင်ကတော့ "မြန်မာ နည်းပညာ ဘလော့တွေမှာ ရှာဖတ် ကြည့်ပါ " လို့ အလွယ်ဖြေခဲ့ပေမဲ့ နေ့စဉ်ဆက်တိုက်မေးလာကြလို့ ကျွန်တော် ဒီပို့စ်လေးကို ရေး လိုက်တာပါ။

ဒီမေးခွန်းအမေးမခံရစဉ် ကောင်လေးတယောက်ကို Nokia Lumina 720 မှာ မြန်မာဖေါင့်ထည့် ပေးခဲ့ ဖူး ပါတယ်။ အဲဒီတုံးကလဲ Microsoft Windows Phone Store မှာ (၁)နာရီနီးပါးမွှေနှောက်ပြီး မှ ထည့်ပေးလိုက်နိုင်တာပါ။

Nokia Lumina 720 မှာ မြန်မာဖေါင့်ထည့်တာ အဆင်ပြေလို့ ကျန်တဲ့ Windows ဖုန်းတွေမှာလဲ
(အထူးသဖြင့် Nokia Lumina Series ) အဆင်ပြေမယ် ယုံကြည်လို့ ဒီပို့စ်လေးကို ရေးဖြစ်သွားတာပါ။
ကဲ..နဲနဲလေရှည်သွားပြီ..မြန်မာဖေါင့်ထည့်ကြည့်ရအောင်...
http://www.zwmnna.com/2013/12/nokia-lumina-windows-phone.html

Admin ဇော်မင်းသန်း
Website : www.zawminthan.com
Facebook : https://www.facebook.com/zawminthan

Super Copier (ကွန်ပြူတာမှ ဖိုင်တွေ Copy ကူးရင် မူလထက် အဆပေါင်းများစွာ မြန်စေတဲ့ဆောဝဲ)

ကွန်ပြူတာသုံးနေတဲ့ သူငယ်ချင်းများ မရှိမဖြစ် ဆောင်ထားသင့်တဲ့ ဆောဝဲလေးပါ။ ကျနော်တို့ ဖိုင်တွေ Copy မယ်ဆိုရင် MB လောက်ဖိုင်တွေက မြန်တယ်ဆိုပေမဲ့ 5GB လောက်ကြီးတဲ့ဖိုင်တွေကျတော့ အရမ်းကို စောင့်ရပါတယ်။ တခါခါ ဆိုရင် စိတ်မရှည်နိုင်အောင်ပါပဲ။ အခု Super Copier က ကျနော်လက်တွေ့ သုံးနေတဲ့ ဆောဝဲလ် လေးဖြစ်ပါတယ်။ 
Super Copier နဲ့  Copy တာ မူလက Copy ကူးတာထက် အဆပေါင်းများစွာပိုမြန်ပါတယ်။ သုံးရတာ အရမ်းကိုအဆင်ပြေပါတယ်။ ကျနော့်အထင်တော့ ၁ နာရီလောက် ကူးရမဲ့ ဖိုင်တွေဆို ၁၂ မိနစ် ၀န်းကျင်နဲ့ ပြီးအောင်ကူးပေးနိုင်တာပါ။ 1GB လောက်ဖိုင်တွေဆိုရင် ခနလေးပါပဲ။ ဒါကြောင့် လူတိုင်း အသုံးပြုသင့်တဲ့ ဆောဝဲလေး ဆိုလည်းမမှားပါဘူး။
ဆောဝဲကို ဒေါင်းပြီးလို့ Install ပြီးရင် Restart တောင်းလာရင် restart ချလိုက်ပါ။ စက်ပြန်ပွင့်လာ ရင် တော့ Copy တဲ့ ဖိုင်တိုင်းမှာ Super Copier က သူ့အလိုလို အလုပ်လုပ်သွားမှာဖြစ်ပါတယ်။
စိတ်ဝင်စားရင် အောက်က လင့်မှာ စိတ်ကြိုက် ဒေါင်းယူနိုင်ပါပြီ။
Screenshots

 အားလုံးအဆင်ပြေပါစေ.......။

27 seagames အ တွက် အလွန် အသုံး ဝင် တဲ့ application မ ရှိ မ ဖြစ် ဆောင် ထား သင့် တဲ့ အ ရာ လေး နော်


 အား လုံး မင်္ဂလာ ပါ ခင် ဗျာ ဗမာ ပြည့် မှာ နေ ထိုင် ပြီး 27 seagame အ တွက် ဒီ apk လေး တင် ပေး လိုက် ရ တဲ့ အ တွက် ကျွန် တော် အ ရမ်း ဝမ်း သာ မိ ပါ တယ် ဒီapplication လေး မှာ နည်း နည်း ရှင်း ပြ ပေါ့ မယ်

(1)home



(2)Sport     
         အားကစားပေါင်းဘယ် နှစ်မျိုး ပါ သ လဲဆို တာ ပုံ နှင့် တ ကွပြသ ပေး ပြီး က စား မယ့် ရက် စွဲ လည်း ပါ ပါ တယ် ခင် ဗျာ

(3)Venues 
        ကတော့ locations များ ကို photos များ နဲ့ ပြ သ ပေး ထား ပါ တယ် ခင် ဗျားးးးး
 (4)Schedule

 (5)Result

 (6)Maps

      မြေ ပုံ က တော့MANDALAY,NAYPYIYAW,NGWESAUNG,YANGONတွေ ရဲ့  အ ဆောက် အ အုံ တွေ ကို online နဲ့လည်း ကြည့် ရှု နိုင် ပြီး offline မှာ လည်း ကြည့် ရှု နိုင် ရန် လည်း ပုံ နှင့် တ ကွ ပြ သ ထား ပါ တယ် ခင် ဗျားးးး





 (7)Video && Songs

         seagame အ တွက် ဖန် တီး ထား တဲ့ video တွေ song တွေ ကို internet ဖွင့် ပြီး နား ထောင် နိုင် ပါ ပြီး ခင် ဗျားးးးး

 (8)Game
          27 seagames မှာ အသစ် ပါ ရှိ တဲ့ အား က စား တစ် ခု က တော့ မြန်မာ ခြင်းလုံး ပဲ ဖြစ် ပါ တယ် ခင် ဗျာ Download နှိပ် ပြီး ဆော့ ကစား နိုင် ပါ တယ် ဗျားးးးး

 (9)Photo Gallery

        Image က တော့ 1 to 66 ပုံ ပါ ပါ တယ်အား က စား ကွင်း နေ ရာ လေး နေ ရာ လုံး ပုံ နဲ့ ကြည့် ရူ နိုင် ပါ တယ်ခင် ဗျားးးးးး

(10)Information


 (11)Myanmar

      ကျွန် တော် ပြော ချင် တာ က တော့ ဒီ APK လေး ကို ဆောင် ထား သင့် ပါ တယ် ဘာ ကြောင့် ဆို တော့ ဗမာ ပြည် အတွက် ပထမ ပြိုင် ပွဲလည်း ဖြစ် ပါ တယ်းးးးးးယူ ချင် ရင် အောက် ကို နှိပ် ပါ ခင် ဗျားးးး

>> Download Here <<


လန်းလဲလန်း ဂိမ်းကစားဖို့လဲ ကောင်းတဲ့ Windows 7 NVIDIA Edition x86 + x64 (4.08 GB)



ပြီးခဲ့တဲ့ ၂-လလောက်က Windows 7 Nvidia Edition (64-Bit) ကိုတင်ပေးခဲ့ပါတယ်။
အဲဒီ Windows 7 Nvidia Edition (64-Bit) မှာ ပြဿနာတခုက Boot လုပ်ပြီး Windows
တက်လာရင် User Name and Password တောင်တဲ့ ပြဿနာပါ။အဲဒါကိုဘယ်လိုရှင်း
ရမလဲဆိုတာ ပို့စ်ပြန်ရေးပေးခဲ့ပါတယ်။ဘယ်လိုဘဲဖြစ်ဖြစ် အဲဒီတုံးက ကျွန်တော်စက်မှာ အဲဒီ
Windows 7 Nvidia Edition (64-Bit) ကို မတင်ကြည့်ဘဲ ပို့စ်အနေနဲ့တန်းတင်လိုက်လို့
အဲလို ဖြစ်သွားခဲ့တာပါ။
အခု အဲဒီလိုမဖြစ်ရအောင် ကျွန်တော့်စက်(32-Bit) မှာ တင်လိုက်ကြည့်ပြီးမှ ပို့စ်ကိုရေး
လိုက်တာပါ။အပေါ်က ပုံက ကျွန်တော့်စက်မှာတင်ထားတဲ့ Windows 7 NVIDIA Edition
 x86 + x64 ပါ။အားလုံးအိုကေပါတယ်။User Name,Password ဘာမှမလိုပါ။
Genuine ဖြစ်အောင် Activate လုပ်ဘို့ Windows Loader ပါပူးတွဲတင်ပေးထားပါတယ်။
ဒီဝင်းဒိုးက 2010 ကထွက်တာမို့ Internet Browser,Firefox Browser တွေကိုဝင်းဒိုးတင်ပြီးမှ
Update လုပ်ယူပါ။
ဖိုင်ဆိုဒ်ကြီးလို့ RAR (၁ဝ) ဖိုင်ခွဲပြီးတင်ထားပါတယ်။
Boot လုပ်ရန်...
-RAR (၁ဝ)ဖိုင်လုံးဒေါင်ပြီး WinRAR နဲံ့ Extract ပြန်လုပ်ပါ။ ISO ဖိုင်တဖိုင်ထဲ ပြန်ထွက်လာ
 ပါမယ်။
-ISO ဖိုင်ကို DVD/USB မှာ Bootable Image အဖြစ် Burn ပြီး ဝင်းဒိုးတင်ပါ။
-Windows 7 NVIDIA တက်လာပြီးမှ Windows Loader ဖြင့် Activate လုပ်ပါ။

Part 1    Part 2    Part 3    Part 4    Part 5

Part 6    Part 7    Part 8    Part 9    Part 10

Windows Loader

အားလုံးအဆင်ပြေပါစေ.......။

 

Wep Wpa2-Psk Wifi password ကို hack ကြမယ်


WEP\ WPA ဆိုတာဘာလဲ??? အဲ့ ဒါတော့ ကိုယ့်ဘာသာကိုယ် Google ထဲ မှာ ရှာကြည့်တော့နော်။ သယ်ရင်းတို့ Wireless network ထဲမှာ (security type) WEP\WPA လားဆိုတာ ကြည့်ရအောင်နော်။ အရင်ဆုံး Wireless Network ကို ဖွင့်လိုက်ပါ။
ဒီပုံလေးပေါ်လာပြီဆိုရင်…


Mouse Pointer ကို Wireless နာမည်ပေါ်မှာ တခုချင်းစီ လိုက်ထောက်ကြည့်ပါ။ အဲ့ ဒီမှာ  ( Name\ Signal Strength\ Secrity type\ Radio Type\ SSID ) ပေါ်လာပါလိမ့်မယ်။           (Security Type: WPA2-PSK ) တွေ့ တယ်နော်။ Ok အလုပ်စရအောင်နော်.. Backtrack3 Windows ကို ဖွင့်လိုက်ပါ။ တခုပြောပြမယ် ကျွန်တော် အခုရေးနေတဲ့ အထိကို Live DVD နဲ့ သုံးနေတာနော်။ 
Install မလုပ်နဲ့ အုံး Install လည်းလုပ်စရာ မလို သေးဘူး အားလုံးရှုပ်ကုန် လိမ့်မယ်။ Live DVD နဲ့ ဘဲ တိုက်ရိုက်သုံးပါ။ BT3 Boot တက် ချိန်မှာ Auto start မဖြစ်ဘဲ Login-id နဲ့  password တောင်းလာခဲ့ ရင် ( Login-id မှာ root ) ( password မှာ toor ) ရေးထည့်ပြီး Enter နှိပ်ပါ။ Windows တက်လာပါလိမ့်မယ်။ တကယ်လို့  windows မတက်ဘဲ ( root@bt:~# ) နဲ့ ရပ်သွားခဲ့ မယ်ဆိုရင် { root@bt:~# } ရဲ့ ဘေးနားမှာ startx command ရေးပြီး Enter နှိပ်ပါ။ (ex- root@bt:~#startx ) windows တက်လာပါမယ်။ windows တက်လာပြီဆိုရင် BT3 ရဲ့  windows icon ကို Click ပါ။ ပြီးရင် အောက် က ပုံ အတိုင်းသွားမယ် နော်...

 (Windows\ Backtrack\ Radio network\ 80211\ All) Spoon WPA ကို click ပါ။ Spoon WPA Setting ချိန်ရပါမယ်။ အောက်က ပုံကိုဆက် ကြည့်ပါ။


Net Card Choose ကို Click နှိပ်ပြီး ETH1 သို့ ပြောင်းပါ။ ပြီးရင် အောက်က Driver နဲ့  Mode ကို လည်း ပုံထဲက ပြထားတဲ့ အတိုင်း ပြောင်းပေးပါ။ အဆင့် သုံးဆင့်ပြောင်းပြီးပြီ ဆိုရင် Next ကို click ပြီး Discovery သို့ ပြောင်းပါ။ ပုံကိုကြည့်ပါ။


Choose Channel ကို click ပြီး Fixed Channel ကို Select ပါ။ Channel ဘားလေးကို မူလ 6Chn ကနေ 11Chn သို့  ပြောင်းပေးပြီး Launch ကို Click ပါ။ Scan စဖတ်ပါလိမ့်မယ်။ Scan ဖတ်ပြီး ESSID- saweet\ Chan 11\ Clis ဘောင်ကွက်လေးထဲ မှာ အမှတ်ခြစ်ပုံလေးနဲ့ တွေ့ ရပါမယ်။ Selection ok ကို click ပြီး Handshake Capture ကိုဆက်သွားမယ်နော်။ ပုံကို ကြည့်ပါ။


Handshake ရောက်ပြီဆိုရင်  အရင်ဆုံး Inj Rate ကိုချိန်ရမယ်နော်။ အခု ကျွန်တော်  Inj600 ဘဲထားမယ်၊ Channel က 11  ( ပုံထဲမှာ အနီနဲ့ ဝိုင်းပြထားတယ် )။  ပြီးရင် ( Launch Automated Handshake) ကို click ပါ။Step 1 ရဲ့  Handshake အပိုင်းကို ဆက်သွားမယ်နော်။ အောက်က ပုံအတိုင်းမြင်ရပြီဆို ရင် Handshake Capture ရပ်သွားပါလိမ့်မယ်။ 

အခု ကျွန်တော် Cracking ကို Click နှိပ်ပြီး ပုံမှာပြထားတဲ့ အတိုင်း Setting ချိန်မယ်နော်။ 

Setting ချိန်ပြီးရင် Automated Handshake Cracking ကို Click ပြီး လုပ်စရာရှိတာ ဆက်လုပ်တော့ အချိန်နည်းနည်း တော့ စောင့်ရမယ်။ Data အတက်အကျ ကြည့်ချင်ရင်  Taskbar ပေါ်က WPA Traget scan ကို Click နှိပ်ပြီးကြည့်ပါ။ အနည်းဆုံး Data ၃၀၀၀၀ ကနေ ၁၀၀၀၀၀ အထိ စောင့်ရလိမ့်မယ်။  WEP နဲ့  WPA Password Hack နည်းမတူပါဘူး၊ WEP က လွယ်သလောက် မြန်သလောက် WPA က ခေါင်းပါ မီးထလောင်သွားနိုင်တယ် မယုံ မရှိနဲ့ ။ 
အခု ကျွန်တော် ပြောပြခဲ့ တာတွေက သူငယ်ချင်းအားလုံး အလွယ်နားလည်နိုင်အောင် ရည်ရွယ်ပြီး Spooon WEP/WPA နဲ့  တင်ပြပေးထားတာပါ။ တကယ်ခေါင်းစားမှ ကြိုက်ပါတယ် ဆို တဲ့  သူငယ်ချင်းတွေအတွက် ကတော့ Linuxs နဲ့  Password Hack နည်း တင်ပေးမယ် ခေါင်းမီးထတောက်ရင် တော့ တာဝန်မယူဘူးနော်။ ပျော်စရာတော့ ကောင်းပါတယ်။ Linuxs ကို ပိုင်တဲ့ ညီအကိုတွေ ဆရာသမားတွေ ကျွန်တော့် အရေးအသား အမှားပါရင် ကြိုတင်တောင်းပန်ထားမယ်နော်… အားရအောင်တော့ ပြောပြီးပြီ.. ကဲ အောက်ကပုံကို ကြည့်လိုက်တော့..

ရလာတဲ့  WPA Key ကို စာရွက်ထဲ မှာချရေးပြီးတော့ ဆက်လုပ်တော့.. ကျွန်တော် ၁ ခု ပြောချင်တာက wireless router security type ကို WPA-Psk သုံးဖို့  အကြံ ပြုချင်ပါတယ်. WPA က Hacker ကို အသေသတ်တဲ့  Security Type ပါ. ဒါမှ ကိုယ့် Wireless ကို တခြားလူတွေ အလွယ်တကူ Hack လို့ မရပါဘူး။ Ok 

ကိုမင်းကိုအောင်

Source by :http://minkoaung2323.blogspot.com/p/wifi-password-hack.html