Driver Navigator 3.4.4.34003 + Patch (10Mb)


Driver Navigator ကဘာတွေလုပ်ပေးနိုင်လဲဆိုတော့သူငယ်ချင်းတို့ရဲ့ကွန်ပြူတာ system ထဲမှာရှိနေတဲ့
broken device တွေရဲ့ drivers တွေကိုလွယ်ကူရှာဖွေ Download ချပေးနိုင်ပါတယ်။ 4,000,000 
ကျော်လောက် database drivers တွေအလွယ်တကူတစ်ကူရှာဖွေပေးနိုင်ခြင်း ၊ error ဖြစ်နေတာတွေကို
လည်းလျှင်မြန်စွာ scans လုပ်ပေးနိုင်ပါတယ်။လိုအပ် Driver တွေကို latest drivers များကိုသာ download and install တိုက်ရိုက်ပြုလုပ်နိုင်ပါတယ်။မိမိရဲ့ computer system ကအမြဲတမ်း up to date
ဖြစ်နေမှာပါ။  Supported devices များကတော့....
Audio & Sound Driver
Video & Graphic Driver
Printer & Multifunction Driver
Scanner Driver
Bluetooth Driver
Network & Wireless Driver
Webcam Driver
USB Device
Keyboard & Mouse Drivers
Laptop & Netbook Drivers
Desktop Drivers စသည်တို့ပဲဖြစ်ပါတယ်။
Windows XP / Vista / Windows 7 / Windows 8 (32bit & 64bit) အားလုံးအသုံးပြုနိုင်ပါတယ်။
activate ဖြစ်ဖို့အတွက်အထဲမှာ Patch ဖိုင်လေးကို မိမိ Install လုပ်တဲ့ C/ ထဲသူ့မူရင်ဖိုင်ထဲမှာ Patch
ဖိုင်ကိုသွားထည့်ပေးလိုက်ပါ။
ကျွန်တော်ဆိုဒ်ကိုလာလည်တဲ့ User တွေအတွက်ဒေါင်းလော့စ်ဆွဲရာတွင်အခက်အခဲမရှိအောင်
မည်သည့် Skip မှကြားခံထားခြင်းမရှိပါ။ ဆော့စ်ဝဲများကို တိုက်ရိုက်ဒေါင်းနိုင်ပါတယ်ခင်ဗျာ။


http://adfoc.us/14251336684421 
(or)

http://bc.vc/7KvM9u 
(or)

http://bc.vc/brDIiv 
နည်းပညာမြို့တော်

AUSLOGICS BOOSTSpeed 6.1.0.0 Serial



 Window တက်တာ ကြာနေတယ်ဆိုတဲ့ သူငယ်ချင်းတွေအတွက် အသုံးဝင်တဲ့ Software လေးပါ
Features တော်တော်များများပါဝင်သလို သုံးရတာလဲ လွယ်ပါတယ်.. window တက်တာမြန်သလို shut downလဲ မြန်လာပါတယ် . Internet connection ကိုလဲ မြန်အောင် လုပ်ပေးပါတယ်..Serial နဲ့မို့
သုံးတဲ့ သူငယ်ချင်းတွေအတွက် အထူးအဆင်ပြေမှာပါ။





Features:

    Clean the computer disk from junk files
    Cleaning the registry of errors and unnecessary entries
    Find and delete duplicate files
    Defragment your hard drive
    Defragment registry to improve performance
    Accelerate and optimize your Internet connection
    Defragment and clean the computer's memory
    Clear browser history, programs and remove traces of
    Blocking of possible ways to invade your computer from the outside
    Securely delete files and folders from your computer
    Clear up disk from previously deleted files
    Setting up the operating system using the hidden features
    Configure system services on your system
    Manage the installed programs and remove them
    Manage a list of programs at startup
    Get detailed information about your system
    View running processes with detailed information about each process
    Quick access to the built-in Windows tools
    Multilingual user interface with support for Russian language.

Click Here To Download

Google Chrome မှာ Password မေ့သွားရင် ဘယ်လိုပြန်ကြည့်မလဲ...?



ကျနော် ရဲ့ ဘော်ဒါတွေ ထဲမှာ Google Chrome ကို သုံးစွဲကြတဲ့ ဘော်ဒါတွေရှိမှာပါ
Loading ကြာချိန်လည်း  နည်းတယ် Firefox ထက် မြန်ဆန် သွက်လက်တော့ သုံးစွဲကြမှာပါ
ကျနော် ကတော့ သုံးပါတယ်။ Google Chrome User တယောက်အနေနဲ့ LOG IN ဝင်ပြီးတော့ 
သုံးပါတယ်။ ဘာကောင်းလည်း ဆိုတော့ ဒီမှာ Sign up လုပ်ထားချင်းအားဖြင့်
မည်သည့် နေရာ မည်သည့် PC မှာ မဆို မိမိ သုံးစွဲနေကြ Bookmark တွေ Mail တွေကို
ပြန်လည်ရရှိပါတယ်။ ဒီထက်ပိုတာတွေလည်းရှိပါတယ်။windows အသစ် တင်လိုက်လို့
Google Chrome အသစ်ပြန်ဆွဲမယ် ဆိုပါစို့ မိမိ သုံးနေကျ အကောင့်နဲ့ password ကို ပေးပြီး
ပြန်ဝင် မယ် ဆိုရင် မိမိ အကောင့်နဲ့ ပါက်သက်သမျှတွေ ပြန်လည်ရရှိပါတယ်။
အိုကေ အခု့ ပြောချင်တာက Chrome ကို သုံးပြီး Gmail တွေ Facebook တွေ ဖွင့်ထားမယ်
password တွေကိုလည်း save ထားမယ် ဆိုပါစို့  ။ ဥပမာ Facebook ကိုဖွင့်မယ် 
password တွေကို save ( Remember Passwordလုပ်) ထားတဲ့ အတွက်  
facebook မှာ user name တွေ password တွေကို
ပြန်ရိုက်နေစရာ မလိုဘူး Facebook ကြီး တန်းပွင့် လာမယ် ။ဟုတ်တယ်နော်
အဲ့ဒီလို သုံးတာများလာလို့ ဒါမှမဟုတ် ဘယ်လို အကြာင်းနဲ့ ဖြစ်ဖြစ် passwoord တွေ
မေ့နေပြီ ဆိုရင် ဘယ်လို ပြန်ကြည့်လို့ရနိုင်တယ် ဆိုတာကို အောက်မှာ ပုံလေးနဲ့ ပြထားပေးပါတယ်
Google Chrome ရဲ့ Latest Version ကိုလိုချင်ရင် ဒီမှာဒေါင်းလိုက်ပါ
 လုပ်နည်းလေး ကိုတော့ အောက်မှာ ကြည့်လိုက်ပါ။လူတိုင်းတောင် သိနေမလား

မသိဘူး ခင်ဗျ။လုပ်နည်းလေးက လွယ်ပါတယ်။သတိမမူ ရင်သာ မမြင်ရပဲ နေမှာပါ


 အပေါ်က ပုံအတိုင်း Google Chrome ရဲ့ ညာဘက်ဒေါင့် အပေါ်နားလေးက

ဘေးတိုက် မျဉ်း ၃ ကြောင်း ကို နှိပ်ပြီးတော့ setting ကိုသွားလိုက်ပါ

 setting ထဲကို ရောက်ပီ ဆိုရင် Show Advanced setting ကို ဆက်နှိပ်လိုက်ပါ
 Password and Forms ကိုရောက်ပြီ ဆိုရင် Manage Save Password ကို ဆက်နှိပ်လိုက်ပါ
အထဲမှာ မိမိ အသုံးပြု့ရန် save လုပ်ထားတဲ့ Password တွေကို မြင်ရပါအောင်
မိမိ လိုချင်တဲ့ password နေရာကို ကလစ်လိုက်ပါ ။ password နေရာမှာ Show လို့ ပေါ်လာပါပြီ
အဲ့ဒါ ဆိုရင် မိမိ password ကို ပြန်မြင်ရပါပြီ။ကြည့် ပြီးရင်တော့ Hide ကို ပြန် နှိပ်ထားလိုက်ပေါ့
 မိမိ သုံးစွဲ သလောက် password တွေကို ဒီနေရာမှာ မြင်ရပါတယ် ခင်ဗျာ။
Password တွေကို save တယ် ဆိုတာလည်း Internet Cafe တို့ သူငယ်ချင်းတို့ ဆီမှာ 
သွား မ save နဲ့ ..နားကားနေမှာစိုးလို့ပြောတာ .ခ်ခ်။ 
တခြားလူ နဲ့ မျှဝေ သုံးစွဲခြင်း မရှိတဲ့ မိမိ ကိုယ်ပိုင်စက်တွေမှာပဲ save လုပ်ထားသင့်ပါတယ် 
 ကိုလတ်(ကျွဲဆင်း)

ကွန်ပျူတာ Passwords မေ့လို့ ဖွင့်လို့မရခဲ့လျှင်

ကွန်ပျူတာ Passwords မေ့လို့ ဖွင့်လို့မရခဲ့လျှင် (အားလုံးသိခွင့်ရအောင် ရှယ်ပေးပါ)
===============================================

ဇန်န၀ါရီလ ၄ ရက်၊ ၂၀၁၄ ခုနှစ်

ကိုယ့်ရဲ့ကိုယ်ပိုင် ကွန်ပျူတာလေးမှာ သူများမသိစေချင်တဲ့ အကြောင်းအရာ လေးတွေရှိလို့ Passwords နဲ့ပိတ်ထားကာမှ အချိန်ကြာလာ သောအခါ အမှုမဲ့အမှတ်မဲ့ နဲ့မေ့သွားတတ်ပါတယ်။ ထိုအခါ ကိုယ့်အတတ်နဲ့
ကိုယ် ကွိုင်တက်တော့တာပါဘဲဗျာ..။ ထိုအဖြစ်မျိုးကြုံတွေ့နေရသူတွေအတွက်ကော ၊ Passwords ဖွင့်နည်း
သိချင်သူတွေအတွက် နည်းလမ်းလေးများဖြစ်နိုင်သလောက် ဖော်ပြပေးလိုက်ရပါတယ်..။

◘◘နည်းလမ်း(၁)◘◘

ကွန်ပျူတာစသုံးတဲ့အခါ သို့မဟုတ် ၀င်းဒိုးတင်တဲ့အခါတွေမှာ Username မဖြစ်မနေပေးခဲ့ရပါတယ်။ ထိုအခါ ကွန်ပျူတာမှာ Username နဲ့ Administrator ဆိုပြီးအကောင့်နှစ်ခုဖြစ်သွားပါတယ်။ ဥပမာ Username မှာ MgMg လို့ပေးခဲ့ရင် MgMg နဲ့အတူ Administratorဆိုတဲ့အကောင့်က ပူးတွဲပါရှိလာပါတယ်။ မိတ်ဆွေက MgMg မှာ passwords ပေးထားခဲ့တယ်
ဒါပေမယ့် မေ့သွားပြီဆိုလျှင် ကွန်ပျူတာကို Restart ချလိုက်ပါ။ Restart ချလိုက်တာနဲ့တပြိုင်နက် F8 ဆိုတဲ့ Key ကိုအဆက်မပြတ်နှိပ်ပေးထားပါ။ နှိပ်ပါဟုဆိုရာတွင် ဖိထားခိုင်းခြင်းမဟုတ်ပါ။ ထိုအခါ Safe Mode မြင်ကွင်းကိုရောက်ရှိသွားပါမယ်။ Safe Mode ဆိုတဲ့စာသားနေရာကို
Arrow Key နဲ့ရွှေ့ပြီး Enter ခေါက်လိုက်ပါ။ 

အချိန်အနည်းငယ်တော့စောင့်ရပါမယ်။ ထိုအခါ
ကွန်ပျူတာသည် Safe Mode မြင်ကွင်းနဲ့ပွင့်လာပါလိမ့်မယ်။၎င်းတွင် Administrator နှင့်Username ( MgMg) ကိုတွေ့ရပါမယ်။ Username ( MgMg) သည် passwords မေ့နေသူရဲ့အကောင့်ပါ။ယခု Administrator အကောင့်ကိုဖွင့်လိုက်ပါ၊ Safe Mode နဲ့ဝင်ထားတာဖြစ်တဲ့အတွက် MgMg အကောင့်ကိုတော့ဝင်လို့ရမည်မဟုတ်ပါ။ Start> Control Panel မှ User
Accounts ( icon ) ကို ကလစ်လုပ်ဖွင့်ပါ။

User Account (box) ပေါ်လာပါမယ်။ ၄င်းတွင် "or pick an account to change" လို့တွေ့ရပါမယ်။ ထိုအခါMgMg ဆိုတဲ့အကောင့်ကို ကလစ်လုပ်လို့ရနိုင်ပါပြီ။ထိုအခါနောက်ထပ်မြင်ကွင်း
တစ်ခုပေါ်လာပါမယ်။ ၄င်းတွင် "What do you want to change about
account လို့တွေ့ရပါမယ်။ ၄င်းတွင် "Change the password" ကိုရွေးချယ်ပြီး password အသစ်တစ်ခုပေးပါ။ အရင်စဉ်းစားလို့မရတဲ့ password ကို ပင်ပန်းခံမစဉ်းစားပါနဲ့.။မေ့လိုက်ပါ
အရင်ကဇာတ်လမ်းလေး…..အဲ..ယောင်လို့.. တကယ်လို့ "Remove the password" ကိုရွေးရင် ဘာpassword မှထည့်စရာမလိုတော့ဘဲ ကွန်ပျူတာပွင့်လာပါလိမ့်မယ်။ "Type a new Password" မှာ passwords အသစ်ထည့်ပေးပါ။ မထည့်ချင်လဲ ဒီအတိုင်းထားပါ။
Change password ခလုပ်ကိုနှိပ်ပါ။ ကွန်ပျူတာကို ပုံမှန်အတိုင်း Restart လုပ်ပါ။ အကောင့်မှာ password တောင်းရင်လဲ ပတ်ဝေါ့ ပေးပြီးဝင်နိုင် ပါတယ်။ မတောင်းရင်လဲ ဒီအတိုင်းဘဲ ပွင့်သွားပါလိမ့်မယ်။

◘◘နည်းလမ်း(၂)◘◘

ကွန်ပျူတာမှာ အခြားသူတစ်ဦးဦးက၀င်လို့ရရင် (အခြား User ရှိရင် သူ့အနေနဲ့ဝင်ပါ)။ပထမနည်းအတိုင်းဆောင်ရွက်နိုင်ပါတယ်။

◘◘နည်းလမ်း(၃)◘◘

ယခုနည်းတွင် ကွန်ပျူတာရဲ့ CD Drive မှာ ၀င်းဒိုးစီဒီကိုထည့်ထားပါ။ BIOS သို့ဝင်ပြီးFirst Boot ကို CD-ROM သို့ပြောင်းပါ။ ကွန်ပျူတာကို ပြန် Restart လုပ်ပါ။ ကွန်ပျူတာ ပြန်ပွင့်တာနဲ့Press any Key to boot from CD ဆိုတဲ့စာသားပေါ်လာတာနှင့် တစ်ပြိုင်နက် ကီးခလုပ်တစ်ခုခုကို နှိပ်
လိုက်ပါ။ Screen ကိုသေသေချာချာကြည့်ပြီး ပေါ်လာတဲ့ ညွှန်ကြားချက်များ အတိုင်း သေသေချာချာပြုလုပ်ပါ။ ဥပမာ - Licensing Agreement ပေါ်ရင် F8 ကီးကိုနှိပ်တာမျိုးဖြစ်ပါတယ်။ မကြာခင် To set up Windows
XP … To repair a Windows XP..လို့ပေါ်လာရင် (R=Repair) ကိုရွေးချယ်လိုက်ပါ။ R ကီးကိုနှိပ်ပါ။ ဆက်ပြီးဆောင်ရွက်မှုများကိုကြည့်နေပါ။ ၀င်းဒိုးစ် reboot တစ်ချက်ပြန်ဖြစ်ရင် မည့်သည့်ကီးကိုမျှ ၀င်မနှိပ်ပါနဲ့။
ဆိုလိုတာက " Press any Key to boot from CD" ဆိုပြီးပြန်ပေါ်ရင် ကီးခလုပ်ကိုမနှိပ်ပါနဲ့။ အလိုလို install လုပ်နေပါလိမ့်မယ်။
မြင်ကွင်းဘယ်ဘက် အောက်ခြေကို သတိပြုကြည့်ပါ။ အဲဒီမှာ "Installing Device" progress bar ဆိုတာပေါ်ရင် "Shift+F10" ကီးများကိုနှိပ်လိုက်ပါ။ ၄င်းသည် အဓိကပြင်ရမယ့် နေရာဖြစ်ပါတယ်။Command console ပွင့်လာပြီး အဲဒီမှာပြင်ရပါ့မယ်။ "NUSRMGR.CPL" လို့၇ိုက်ထည့်ပြီး Enter ကီးကိုနှိပ်ပါ။
သင့်ရဲ့ User Account (box) ကိုမြင်ရပါမယ်။ ၄င်းတွင် password ကိုပြောင်းလိုကပြောင်း.. ဖယ်လိုက ဖယ်ထုတ်နိုင်ပါပြီ။ တကယ်လို့ password အသစ် မပေးချင်ရင် "Control user-passwords2" လို့ရိုက်ထည့်နိုင်
ပါတယ်။ မြင်ကွင်းများကို ပိတ်၊ command box ကနေထွက်ပြီး Repair လုပ်ငန်းစဉ်ကို ဆက်လုပ်ပါ။ လုပ်ငန်းအားလုံးပြီးရင် ကွန်ပျူတာကို သုံးနိုင်ပါပြီ..။

ကိုဥာဏ်မွန်(နည်းပညာစုစည်းမှု)
================================================
နည်းပညာသတင်း အသစ်တင်တိုင်း သိရှိလိုပါက https://www.facebook.com/ibloggermm ကို Add (သို့) Follow လုပ်ထားပေးပါ။ 
================================================
ကိုယ့်ရဲ့ကိုယ်ပိုင် ကွန်ပျူတာလေးမှာ သူများမသိစေချင်တဲ့ အကြောင်းအရာ လေးတွေရှိလို့ Passwords နဲ့ပိတ်ထားကာမှ အချိန်ကြာလာ သောအခါ အမှုမဲ့အမှတ်မဲ့ နဲ့မေ့သွားတတ်ပါတယ်။ ထိုအခါ ကိုယ့်အတတ်နဲ့
ကိုယ် ကွိုင်တက်တော့တာပါဘဲဗျာ..။ ထိုအဖြစ်မျိုးကြုံတွေ့နေရသူတွေအတွက်ကော ၊ Passwords ဖွင့်နည်း
သိချင်သူတွေအတွက် နည်းလမ်းလေးများဖြစ်နိုင်သလောက် ဖော်ပြပေးလိုက်ရပါတယ်..။

◘◘နည်းလမ်း(၁)◘◘

ကွန်ပျူတာစသုံးတဲ့အခါ သို့မဟုတ် ၀င်းဒိုးတင်တဲ့အခါတွေမှာ Username မဖြစ်မနေပေးခဲ့ရပါတယ်။ ထိုအခါ ကွန်ပျူတာမှာ Username နဲ့ Administrator ဆိုပြီးအကောင့်နှစ်ခုဖြစ်သွားပါတယ်။ ဥပမာ Username မှာ MgMg လို့ပေးခဲ့ရင် MgMg နဲ့အတူ Administratorဆိုတဲ့အကောင့်က ပူးတွဲပါရှိလာပါတယ်။ မိတ်ဆွေက MgMg မှာ passwords ပေးထားခဲ့တယ်
ဒါပေမယ့် မေ့သွားပြီဆိုလျှင် ကွန်ပျူတာကို Restart ချလိုက်ပါ။ Restart ချလိုက်တာနဲ့တပြိုင်နက် F8 ဆိုတဲ့ Key ကိုအဆက်မပြတ်နှိပ်ပေးထားပါ။ နှိပ်ပါဟုဆိုရာတွင် ဖိထားခိုင်းခြင်းမဟုတ်ပါ။ ထိုအခါ Safe Mode မြင်ကွင်းကိုရောက်ရှိသွားပါမယ်။ Safe Mode ဆိုတဲ့စာသားနေရာကို
Arrow Key နဲ့ရွှေ့ပြီး Enter ခေါက်လိုက်ပါ။

အချိန်အနည်းငယ်တော့စောင့်ရပါမယ်။ ထိုအခါ
ကွန်ပျူတာသည် Safe Mode မြင်ကွင်းနဲ့ပွင့်လာပါလိမ့်မယ်။၎င်းတွင် Administrator နှင့်Username ( MgMg) ကိုတွေ့ရပါမယ်။ Username ( MgMg) သည် passwords မေ့နေသူရဲ့အကောင့်ပါ။ယခု Administrator အကောင့်ကိုဖွင့်လိုက်ပါ၊ Safe Mode နဲ့ဝင်ထားတာဖြစ်တဲ့အတွက် MgMg အကောင့်ကိုတော့ဝင်လို့ရမည်မဟုတ်ပါ။ Start> Control Panel မှ User
Accounts ( icon ) ကို ကလစ်လုပ်ဖွင့်ပါ။

User Account (box) ပေါ်လာပါမယ်။ ၄င်းတွင် "or pick an account to change" လို့တွေ့ရပါမယ်။ ထိုအခါMgMg ဆိုတဲ့အကောင့်ကို ကလစ်လုပ်လို့ရနိုင်ပါပြီ။ထိုအခါနောက်ထပ်မြင်ကွင်း
တစ်ခုပေါ်လာပါမယ်။ ၄င်းတွင် "What do you want to change about
account လို့တွေ့ရပါမယ်။ ၄င်းတွင် "Change the password" ကိုရွေးချယ်ပြီး password အသစ်တစ်ခုပေးပါ။ အရင်စဉ်းစားလို့မရတဲ့ password ကို ပင်ပန်းခံမစဉ်းစားပါနဲ့.။မေ့လိုက်ပါ
အရင်ကဇာတ်လမ်းလေး…..အဲ..ယောင်လို့.. တကယ်လို့ "Remove the password" ကိုရွေးရင် ဘာpassword မှထည့်စရာမလိုတော့ဘဲ ကွန်ပျူတာပွင့်လာပါလိမ့်မယ်။ "Type a new Password" မှာ passwords အသစ်ထည့်ပေးပါ။ မထည့်ချင်လဲ ဒီအတိုင်းထားပါ။
Change password ခလုပ်ကိုနှိပ်ပါ။ ကွန်ပျူတာကို ပုံမှန်အတိုင်း Restart လုပ်ပါ။ အကောင့်မှာ password တောင်းရင်လဲ ပတ်ဝေါ့ ပေးပြီးဝင်နိုင် ပါတယ်။ မတောင်းရင်လဲ ဒီအတိုင်းဘဲ ပွင့်သွားပါလိမ့်မယ်။

◘◘နည်းလမ်း(၂)◘◘

ကွန်ပျူတာမှာ အခြားသူတစ်ဦးဦးက၀င်လို့ရရင် (အခြား User ရှိရင် သူ့အနေနဲ့ဝင်ပါ)။ပထမနည်းအတိုင်းဆောင်ရွက်နိုင်ပါတယ်။

◘◘နည်းလမ်း(၃)◘◘

ယခုနည်းတွင် ကွန်ပျူတာရဲ့ CD Drive မှာ ၀င်းဒိုးစီဒီကိုထည့်ထားပါ။ BIOS သို့ဝင်ပြီးFirst Boot ကို CD-ROM သို့ပြောင်းပါ။ ကွန်ပျူတာကို ပြန် Restart လုပ်ပါ။ ကွန်ပျူတာ ပြန်ပွင့်တာနဲ့Press any Key to boot from CD ဆိုတဲ့စာသားပေါ်လာတာနှင့် တစ်ပြိုင်နက် ကီးခလုပ်တစ်ခုခုကို နှိပ်
လိုက်ပါ။ Screen ကိုသေသေချာချာကြည့်ပြီး ပေါ်လာတဲ့ ညွှန်ကြားချက်များ အတိုင်း သေသေချာချာပြုလုပ်ပါ။ ဥပမာ - Licensing Agreement ပေါ်ရင် F8 ကီးကိုနှိပ်တာမျိုးဖြစ်ပါတယ်။ မကြာခင် To set up Windows
XP … To repair a Windows XP..လို့ပေါ်လာရင် (R=Repair) ကိုရွေးချယ်လိုက်ပါ။ R ကီးကိုနှိပ်ပါ။ ဆက်ပြီးဆောင်ရွက်မှုများကိုကြည့်နေပါ။ ၀င်းဒိုးစ် reboot တစ်ချက်ပြန်ဖြစ်ရင် မည့်သည့်ကီးကိုမျှ ၀င်မနှိပ်ပါနဲ့။
ဆိုလိုတာက " Press any Key to boot from CD" ဆိုပြီးပြန်ပေါ်ရင် ကီးခလုပ်ကိုမနှိပ်ပါနဲ့။ အလိုလို install လုပ်နေပါလိမ့်မယ်။
မြင်ကွင်းဘယ်ဘက် အောက်ခြေကို သတိပြုကြည့်ပါ။ အဲဒီမှာ "Installing Device" progress bar ဆိုတာပေါ်ရင် "Shift+F10" ကီးများကိုနှိပ်လိုက်ပါ။ ၄င်းသည် အဓိကပြင်ရမယ့် နေရာဖြစ်ပါတယ်။Command console ပွင့်လာပြီး အဲဒီမှာပြင်ရပါ့မယ်။ "NUSRMGR.CPL" လို့၇ိုက်ထည့်ပြီး Enter ကီးကိုနှိပ်ပါ။
သင့်ရဲ့ User Account (box) ကိုမြင်ရပါမယ်။ ၄င်းတွင် password ကိုပြောင်းလိုကပြောင်း.. ဖယ်လိုက ဖယ်ထုတ်နိုင်ပါပြီ။ တကယ်လို့ password အသစ် မပေးချင်ရင် "Control user-passwords2" လို့ရိုက်ထည့်နိုင်
ပါတယ်။ မြင်ကွင်းများကို ပိတ်၊ command box ကနေထွက်ပြီး Repair လုပ်ငန်းစဉ်ကို ဆက်လုပ်ပါ။ လုပ်ငန်းအားလုံးပြီးရင် ကွန်ပျူတာကို သုံးနိုင်ပါပြီ..။

ကိုဥာဏ်မွန်(နည်းပညာစုစည်းမှု)

Ashampoo SlideShow Studio Full Version !!! ဓါတ်ပုံတွေကိုနောက်ခံသီချင်းနဲ့မြန်မာ စာတန်းထိုးပြီးစလိုက်ရှိုးလုပ်ကြမယ်



ကျွန်တော့သူငယ်ချင်းတွေထဲမှာ ဓါတ်ပုံကိုနောက်ခံသီချင်းလေးနဲ့မြန်မာစာတန်းထိုးပြီး စလိုက်ရှိုးလုပ်ချင်ကြ
သူတွေပါရင်တော့ဒါလေးကိုဆွဲထားလိုက်ပါ။ ဓါတ်ပုံတစ်ပုံနဲ့တစ်ပုံကြားမှာ Transition Effect တွေကလည်း
ဒီဇိုင်းမျိုးစုံနဲ့ပါဝင်ပါတယ်။ မိမိကြိုက်နှစ်သက်ရက်ရာ Subtitle ကိုလည်းကြိုက်တာရွေးချယ်ပြီး မြန်မာစာလုံး
အလှလေးတွေနဲ့ဖန်တီးလို့ရပါသေးတယ်။

 မိမိစိတ်ကြိုက်ရရင်တော့ အဆင်ပြေတဲ့ Format (avi / mpeg/mp4)ကိုချလို့ရပါတယ်
 အားလုံးအဆင်ပြေအောင် ဒေါင်းလော့စ်ဖိုင်ထဲမှာ ဘယ်လိုလုပ်ရလဲဆိုတာ
Movie လေးနဲ့ရှင်းပြထားပါတယ်။ အမြဲတမ်း Full နေစေဖို့အထဲမှာ Serial Key လေးပါထည့်ပေးထားပါ
တယ်။

ယနေ့မှစပြီးကျွန်တော်ဆိုဒ်ကိုလာလည်တဲ့ User တွေအတွက်ဒေါင်းလော့စ်ဆွဲရာတွင်အခက်အခဲမရှိအောင်
မည်သည့် Skip မှကြားခံထားခြင်းမရှိပါ။ ဆော့စ်ဝဲများကို တိုက်ရိုက်ဒေါင်းနိုင်ပါတယ်ခင်ဗျာ။
သို့ပါသောကြောင့်ပြန်လည်ကျေးဇူးတင်တယ်ဆိုရင်တော့
ကြော်ငြာများကို တစ်ကြိမ်လောက်သာ ကလစ်ခဲ့ပါခင်ဗျာ။

MWRN  (lwan saung

SCREEN အပြည့်နဲ့ ရုပ်သံ ကြည်လင်ပြတ်သားစွာ ကြည့်နိုင်တဲ့ MEDIA PLAYER ဆော့ဝဲ LIGHT ALLOY 4.7.6 BUILD 799 FINAL + PORTABLE (137 MB)



Media Player တွေထဲမှာ တကယ်ကိုလန်းတဲ့ Player ဆော့ဝဲလေးတခုပါ။DVD,HD Movies နဲ့
အခြားဗီဒီယို Formats များကို ရုပ်ကောအသံပါ ကြည်လင်ပြတ်သားစွာ Computer Screen အပြည့်
နဲ့ ကြည့်နိုင်တဲ့ ဆော့ဝဲလေးမို့(လက်ရှိကျွန်တော်ကိုယ်တိုင် သုံးနေတာပါ) တင်ပေးလိုက်ပါတယ်။
Audio ဖိုင်များကိုလဲ နားထောင်ရန် Audio Player အဖြစ်လဲ သုံးနိုင်ပါတယ်။

RAR Extract Password - www.linthit.com

အင်စတော လုပ်နည်း...
-Light Alloy 4.7.6 Build 799 Final + Portable Folder မှ LA.exe ဖိုင်လေးကို run လိုက်ပါ။
-Portable Version ဖြစ်လို့ Activate လုပ်ရန် မလိုပါ။အင်စတောပြီး သုံးနိုင်ပါပြီ။
Windows XP/Vista/7/8

                     Download

SterJo Wireless Passwords v.1.4 ( wifi password finder ) !!!

ကျွန်တော်ဒီပိုစ့်လေးမှာ SterJo Wireless Passwords အကြောင်းနဲနဲပြောပါမယ်။ဒီကောင်လေးကိုသူငယ်
ချင်းတို့သုံးတတ်မယ်ဆိုရင်တော့အတော်လေးအသုံးဝင်ပါတယ်။ဘာကြောင့်လဲဆိုတော့ပတ်ဝန်းကျင်မှာရှိနေ
တဲ့ wifi လိုင်းတွေကိုအလွယ်တကူရှာပေးနိုင်ပါတယ်။ရှာပေးနေရုံနဲ့တော့သူအလုပ်ကဒါပဲလားဆိုတော့
မပြီးသေးပါဘူး။ဘာကြောင့်လဲဆိုတော့သူက wifi password cracker တစ်ခုဖြစ်နေလို့ပါ။အောက်မှာလည်း
ပုံတွေပြထားပါတယ်။သူငယ်ချင်းတို့အတွက် ဆော့စ်ဝဲကိုတော့ယူဆောင်လာပေးပါပြီ။သေချာတာတစ်ခု
တကယ်လို့များသူငယ်ချင်းကအခြားလူဆီကနေတစ်ကြိမ်တစ်ခါလောက်များ Wifi ယူသုံးဖူးတယ်ဆိုရင်
တော့ ဒီကောင်လေးကို Run လိုက်တာနဲ့အရင်ကအတိုင်း Pass တွေပြန်ရပြီးအသုံးပြုနိုင်မှာတော့သေချာ
တယ်။ ကိုယ်တိုင်လုပ်ကြည့်တာအဆင်ပြေတာတွေရလို့သုံးတတ်ရင်အသုံးဝင်တဲ့ဆောစ့်ဝဲကောင်းတစ်ခု
ဖြစ်ပါတယ်။အားလုံးအတွက်အဆင်ပြေအောင် Protable နဲ့ exe 2ခုတင်ပေးလိုက်ပါတယ်။ကြိုက်ရာကို
ဒေါင်းလော့စ်လုပ်ယူနိုင်ပါတယ်။wifi password ကိုမေ့သွားရင်လည်းဒီကောင်လေးကိုသုံးပါ။


ဝင်းဒိုးအားလုံးမှာအသုံးပြုနိုင်ပါတယ်။
Windows XP, Windows Vista, Windows 7 and Windows 8 (32-bit and 64-bit)


After you run this application, it will instantly scan your wireless network and immediately help your wireless security. It will display the information about wireless networks you connected to before. This wifi password finder will also display the info about the network currently being used. For each network, the interface will show you useful information such as Service Set Identifier, Password, Authentication type and Encryption method. In the context menu, you will be able to copy the password selected. How to find forgotten wifi password will become a past.

In a second, you can save all the information you will get. You can save it in a text file. A Save button allows you to store the file where you want. This application is simple to understand.


ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ 



http://bc.vc/e1xp13


http://bc.vc/9OGkOe 


နည်းပညာမြို့တော်

gtalk ကနေ တစ်ခြားသူကို သီချင်းပေးနားထောင်ဖို့  နည်းလမ်း

 gtalk ကနေ တစ်ခြားသူကို သီချင်းပေးနားထောင်ဖို့  အရင်ဆုံး..
desktop >>>> Refresh  (လုပ် ) လိုက်ပါ... ပြီးပြီးဆိုမှ ဆက်လုက်ပါ...။
ပုံ(၁)ကိုကြည့်ပါ
ပထမဆုံ အသံအတိုးအလျော့လုပ်တဲ့ ဆောင်းပုံစံလေးကို ညာကလစ်ထောက်လိုက်ပါ...
Recording devices ကို နိတ်ပါ.. ပြီးတာနဲ ပုံ(၂)က box ကျလာပါလိမ်မယ်..။

ပုံ(၂)
ပုံ(၂) ရဲ box ရဲ့ လွတ်နေတဲ့ နေရာမှာညာကလစ်ထောက်လိုက်ပါ ပြီးရင် မျှပြထားတဲ့အတိုင်း..
Show disabled devices ကို နိတ်လိုက်ပါ (အမှန်ခြစ်ပေးတာပေါ့ ). ပြီးတာနဲ ပုံ(၃) ကလို  ပေါလာပါလိမ်မယ်.
ပုံ(၃)
ပုံမှာပြထားတဲ့အတိုင်း အဲဒီ Stereo mix ကို ညာကလစ်ထောက်ပြီး Enable နိတ်လိုက်ပါ.. သူ Disable ပြောင်းသွားတာနဲ တစ်ပြိုင်ထဲ
အဲဒီ Stereo mix လေး လင်းလာပါလိမ်မယ်.. ok လုပ်ပြီးရင်အဆင်ပြေပါပြီး..။
ပြီးလျင် desktop >>>> Refresh  (သုံးကြိမ်လုပ် ) လိုက်ပါ..အဟဟဟ
gtalk ကိုဖွင့်ပြီး မိမိနာထောင်စေလိုသော သူကို ဖုန်းခေါ်လိုက်ပါ..
သူ answer လိုက်ပြီးဆိုတာနဲ သိချင်းဖွင့်ပြလိုက်ပါတော့... အဆင်ပြေသွားပြီးပေါ့
မှတ်ချက်။    
။Window 7 အတွက်နော်။ကျန်တာတွေတော့မသိဘူး...အဟီး 
မူရင်း ကိုမသိလို့မရေးထားတော့တာပါ။။
 
အဆင်ပြေကြပါစေ။

FacebookမှာLockကျနေတာများထဲက အများဆုံးLockကျတဲ့Phone numberထည့်ဖို့ခက်ခဲနေတဲ့မြန်မာပြည်က သူတွေအတွက်ပါ

ယခုပြန်လည်မျှဝေပေးမှာကတော့FacebookမှာLockကျနေတာများထဲက အများဆုံးLockကျတဲ့Phone numberထည့်ဖို့ခက်ခဲနေတဲ့မြန်မာပြည်က သူတွေအတွက်ပါ။နိုင်ငံခြားမှာရှိသူတွေကတော့ ဖုန်းနံပါတ်ထည့်တဲ့နေရာမှာအားလုံးအဆင်ပြေကြပါတယ်။ Facebook ကများသောအားဖြင့်မြန်မာပြည်က ဖုန်းနံပါတ်တွေထည့်ကြည့် Codeပြန်မပို့တာများတယ်။ အဲဒီအခက်အခဲတွေကိုကျော်လွှားဖို့အတွက် အောက်ကနည်းလမ်းတွေအတိုင်းလုပ်ဆောင်ကြည့်ပါ။ (100%)ရစေရမယ်လို့အာမခံပါတယ်။ ကျွန်တော်ကိုယ်တိုင် အချိန်ကုန်ခံစမ်းသပ်ပြီး မြန်မာပြည်ကLockကျလို့ အကူညီတောင်းထားတဲ့ အစ်ကိုတဦးကိုလည်း သူ့အကောင့်ကို ယခုနည်းလေးစမ်းသပ်ရင်းနဲ့ ကူညီပေးလိုက်တာပါ။

ဒီနည်းလမ်းကိုစတင်ရှာဖွေတွေ့ရှိသူကတော့ သဇင်ကိုကို ပါ။သူက MMUGမှာပြန်လည်မျှဝေထားလို့ ကျွန်တော်က စမ်းသပ်ကြည့်ပြီးလုံးဝအဆင်ပြေလို့ ပြန်လည်မျှဝေလိုက်တာပါ။ သဇင်ကိုကို ကိုလည်း Credit ဒီနေရာကနေဘဲပေးပါတယ်။ ကဲ........ပြောနေတာနည်းနည်းများသွားပြီင်္။ အောက်ကနည်းအတိုင်း
လုပ်ကြည့်လိုက်ကြပါဗျာ..............

အရင်ဆုံးTextplusဆိုတဲ့ApkလေးကိုDownပါ။ Playstoreမှလည်းဒေါင်းယူနိုင်ပါတယ်။

<<<Textplus Apk Downnload Link>>>

<<<Playstore Direct Link>>>

DownပြီးPhoneထဲမှာ Installလိုက်ပါ။ပြီးရင် ဖွင့်လိုက်ပါ။အောက်ကပုံအတိုင်တွေ့ပါလိမ့်မယ်။
Sign Upကိုနှိပ်ပါ။




နိုင်ငံနှင့် မိမိအသုံးပြုမည့် G mailကိုထည့်ပါ။



မိမိရဲ့ဂျီမေးလ်ကို မေးလ်ပြန်ပို့ပါလိမ့်မည်။



မိမိရဲ့မေးလ်ထဲမှ Verifyဆိုတာလေးကိုနှိပ်ပါ။


Verifyလုပ်ပြီ်းသွားတာနဲ့အာက်ကပုံလေးအတိုင်းပေါ်လာပါလိမ့်မယ်။



အောက်ကပုံလေးအတိုင်းသွားပြီး Settingကိုနှိပ်ပါ

ဒီအောက်ကပုံလေးအတိုင်းအောက်ဆုံးနားမှာရှိတဲ့ ဖုန်းနံပါတ်ကိုစာရွတ်ပေါ်မှာရေးမှတ်ထားလိုက်ပါ။

ဒီအထိအားလုံးအဆင်ပြေတယ်ဆိုနောက်တခုကိုသွားပါမယ်..........
Yuilopဆိုတဲ့Apkလေးကိုဒေါင်းလိုက်ပါ။

<<<Playstore Direct Link>>>

<<<YuilopApk Download Link>>>

ပြီးရင်ထုံးစံအတိုင်းInstallလိုက်ပါ။
ပြီးရင် ဖွင့်လိုက်ပါ။ အောက်ကပုံလေးအတိုင်းပေါ်လာပါမယ်။


အောက်ကနေရာမှခုနက Textplusမှာရရှိထားတဲ့ Phone Numberကိုထည့်ပေးပါ။ နိုင်ငံနေရာမှာတော့ United Statesကိုဘဲရွေးပါ။

မိမိထည့်တဲ့ဖုန်းနံပါတ်မှန်ပြီဆို Yesကိုနှိပ်ပါ။




ဒီအဆင့်ထိရောက်ပြီဆိုရင် Comfirm Codeကိုထည့်ပေးရမှာပါ။ အဲဒီCodeကိုတော့ ကျွန်တော်တို့ရှေ့မှာဖောက်ထားခဲ့ Text plusရဲ့smsထဲမှာပါတဲ့Codeတွေကိုထည့်ပေးရမှာပါ။


အောက်ပါတဆင့်ကိုဆက်သွားရင် ဒီနေရာကိုရောက်ရှိသွားပါလိမ့်မယ်။ဒီနေရာမှာမိမိဖေ့ဘွတ်မှာသုံးတဲ့နံမည်နဲ့G mailကိုထည့်ပေးလိုက်ပါ။



ဒါဆိုရင်တော့ အောက်ကပုံအတိုင်း Yuilopကနေသင့်ဖုန်းနံပါတ်တခုကိုရရှိမှာပါ။


Get This numberကိုနှိပ်ပါ။




အပေါ်ကပုံတွေအတိုင်းအားလုံးအဆင်ပြေပြီင်္ဆိုရင်တော့ အောက်ကပုံအတိုင်းသင့်ရဲ့Profileနဲ့ဖုန်းနံပါတ်ကိုရရှိသွားမှာဖြစ်ပါတယ်။


ပြီးရင်တော့ Lockကျနေတဲ့Facebookအကောင့်တခုကိုဖွင့်လိုက်ပါ။
ဖုန်းနံပါတ်တောင်းတဲ့နေရာရောက်ရင် နိုင်ငံနေရာမှာ United States(+1)ကိုရွေးချယ်ပြီးခုနက Yuilopမှာရထားတဲ့ဖုန်းနံပါတ်ကိုထည့်လိုက်ပါ။


အောက်ကပုံအတိုင်းsms၀င်လာမှာပါ။



ဒါဆိုရင်တော့ အဲဒီSMSထဲကCodeကလေးယူပြီးFacebookရဲ့ Comfirm Codeနေရာမှာထည့်လိုက်ရင်အားလုံးအဆင်ပြေသွားပြီင်္း မိမိရဲ့လော့ကျနေတဲ့ Facebookအကောင့်လည်းပြန်လည်ရရှိသွားမှာပါ။
အားလုံးဘဲအဆင်ပြေကြပါစေ.........

PDF file စာအုပ်အနေနဲ့ဖတ်ရှု့လေ့လာမယ်ဆိုရင်အောက်မှာဒေါင်းလိုက်ပါ

how to bypass facebook verify.pdf

ကွန်ပြူတာသည် သုံးသည့်အချိန်ကြာလာသည်နှင့်အမျှ နှေးလာသည်ဆိုသည်မှာ ဟုတ်ပါသလား

မေး ။ ကွန်ပြူတာသည် သုံးသည့်အချိန်ကြာလာသည်နှင့်အမျှ နှေးလာသည်ဆိုသည်မှာ ဟုတ်ပါသလား။
ဖြေ ။ Windows မှာဆိုရင်တော့ ဟုတ်ပါတယ်။ Linux နှင့် Mac (Apple) တို့တွင် နှေးလာခြင်းမှာမသိသာပါဘူး။

မေး ။ Windows မှာဖြစ်ပြီး Linux နှင့် Mac တို့မှာ မဖြစ်တာက ဘာကြောင့်ပါလဲ။
ဖြေ ။ Windows တွင် File Fragmentation နှင့် Registry Fragmentation များဖြစ်လာသောကြောင့်ဖြစ်လာတာပါ။ အဓိကက Windows ရဲ့ File System ( FAT & NTFS ) တို့ကြောင့်ဖြစ်ပါသည်။

မေး ။ အဲဒီလိုနှေးလာရင် ဘာလုပ်ရပါမလဲ။
ဖြေ ။ အရင်ဆုံးစက်မှာ မလိုအပ်တဲ့ ဖိုင်တွေကိုရှင်းပစ်ပါ။

၁။ မလိုအပ်တဲ့ Program တွေကို Uninstall လုပ်ပါ။ ဖိုင်တွေကို ဖျက်ပစ်ပါ။ ( CC Cleaner လို software မျိုးသုံးပြီးရှင်းပေးရင် ပိုကောင်းပါတယ်၊ သုံးခဲ့တယ်ဆိုရင်တော့ အဆင့် ၅ ကိုကျော်လိုက်ပါ။)

၂။ Recycle Bin တွေကို Clear လုပ်ပါ။

၃။ Start menu > Run box (Shortcut – Windows Key + R ) ထဲမှာ Temp လို့ရိုက်ပြီး Windows Temp ကိုရှင်းပါ။

၎။ Run box ထဲမှာဘဲ %temp% လို့ရိုက်ပြီး Temp File ကိုရှင်းပါ။

၅။ My Computer ကိုဖွင့်ပါ။ မိမိစက်ရဲ့ ဝင်းဒိုးတင်ထားတဲ့ drive ကို right click လုပ်ပြီး properties ကိုသွားပါ။ General Tab အောက်မှာ Disk Clean Up ဆိုတာကို နှိပ်ပါ။ ခဏစောင့်လိုက်ပြီး ပေါ်လာတဲ့ box မှာ More Option ကိုသွားပါ။


System Restore အောက်က Clean Up ဆိုတာကို click လုပ်လိုက်ပါ။ ပြီးရင် OK နှိပ်ပြီးပြန်ထွက်လိုက်ပါ။

၆။ စက်ကို Restart တစ်ခါလုပ်ပါ။

၇။ Run Box ထဲမှာ dfrg.msc လို့ရိုက်ပြီး Disk Defragmentator ကိုဖွင့်ပြီး HardDisk တွေအားလုံးကို Defrag လုပ်လိုက်ပါ။ (တစ်ကယ်လို့ အခြား defragment software ရှိရင်လဲ သုံးနိုင်ပါတယ်)

၈။ Registry Cleaning / Fixing software တစ်ခုခုသုံးပြီး Registry ကို Clean လုပ်ပါ။ ပြီးလျှင် Registry ကို Defrag လုပ်ပါ။ (Advance System Care Free Version – IO Obit)

၉။ ကွန်ပြူတာကို Restart လုပ်လိုက်ပါ။ အရင်ကထက် ပိုမြန်လာတာကိုတွေ့ရမှာပါ။

မေး ။ Memory Stick / USB Drive တွေကိုရော Defrag လုပ်သင့်ပါသလား။
ဖြေ ။ Solid State Drive တွေ (အခုလက်ရှိသုံးနေတဲ့ flash drive / memory chipေ တွေ) ဆိုရင် Defrag လုပ်စရာမလိုပါဘူး။ ဒီ Drive တွေရဲ့ Reading / Writing ပုံစံက Harddisk တွေနဲ့ မတူလို့ပါ။ သူတို့မှာ Fragmentation ဖြစ်သွားလို့ Speed Loss ဖြစ်တာမရှိသလောက်နည်းပါတယ်။

မေး ။ Hard Disk တွေမှာ Bad Sector ပေါ်လာရင်ဘယ်လိုလုပ်ရပါမလဲ။
ဖြေ ။ HDD Regenerator တို့ Bad Sector Repair တို့လို software တွေသုံးပြီးရှင်းလို့ရပါတယ်။ နောက်တစ်နည်းကတော့ Bad Sector ရှိနေတဲ့ Partition ကို Clone ပွားလိုက် (Backup လုပ်လိုက်) ။ ပြီးရင် Partition ကို Format လုပ်လိုက်ပါ။ Format လုပ်တဲ့အခါမှာ Quick Format ဆိုတာကိုမရွေးပါနဲ့။ ဒါဆိုရင် Bad Sector ကိုအလိုလိုရှာပြီး ရှင်းသွားမှာပါ။ ပြီးမှ ခုနက Backup ကို ပြန်ပြီး Restore လုပ်လိုက်ရင်ကောင်းသွားပါပြီ။

Credit : http://edu-junction.org

Beini Software ဖြင့် Wifi ဟက်နည်း


 မေးနေကြတဲ့ သူငယ်ချင်းတွေ များနေတာနဲ့ အတော်ပဲဗျာ  အဝေးဆီက မလေးရောက် ခရီးသည် က တဆင့်ချင်း ရှင်းပြထားတာကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ (ကိုယ်တိုင် စမ်းမကြည့်ရသေးပါဘူး)
အားလုံးပဲ မင်္ဂလာပါ။ ၁ရက်နေ့ က တင်ပေးထားတဲ့ အလွယ်ကူဆုံး wifi password ရယူနည်းက April Fools လုပ်ထားခြင်းဖြစ်တာကို ပထမဦးဆုံး ဝန်ခံပါရစေ။ အဲ့ဒီတုန်းက စာနဲ့ အတူ တွဲလျှက်ပါတဲ့ ပုံတွေကတော့ Realtex Wifi Adapter အတွက် သီးသန့် သုံးတဲ့ CDLinux Chinese Version Software ဖြစ်ပါတယ်။ ယခု အတည်ပေးမယ့် Software ကတော့ wireless adapter အားလုံးနဲ့ ကိုက်ညီတဲ့ Beini Software English Version ပဲဖြစ်ပါတယ်။

. Beini Software ကိုသုံးပြီး minidwep-gtk program ဖြင့် wifi password ရယူခြင်းကို တင်ပြချင်ပါတယ်။ ဆော့ဝဲလ်ကို မဒေါင်းခင် ပထမဦးဆုံး လိုအပ်တာကတော့ CD အလွတ်တစ်ချပ်ပဲ ဖြစ်ပါတယ်။ ရှိပြီဆိုလျှင်  Beini Software ကို ဒေါင်းလိုက်ပါ   ။ ဒေါင်းပီးရင်တော့ ထုံးစံအတိုင်း zip ကို ဖြည်လိုက်ပါ။ ဖြည်တဲ့အခါ ပြန်ရှာရ လွယ်ကူအောင် Desktop ပေါ်မှာ ဖြည်စေချင်ပါတယ်။
ဖြည်ပြီးပြီဆိုလျှင် ဖြည်ထားတဲ့ဖိုင်ကို CD တစ်ချပ် ပြုလုပ်ရပါမယ်။ CD ကို CD Rom ထဲ ထည့်ပါ။ Burning Software ရှိသူတွေက အလွယ်တကူ Burn နိုင်သလို Burning Software မရှိသူတွေအတွက်  Winiso Software ကို ဒီမှာ ရယူနိုင်ပါတယ် ။  Winiso ကို ဒေါင်းပီးလျှင်တော့ ထုံးစံအတိုင်း အင်စတော လုပ်ရပါမယ်။ အင်စတောလ် လုပ်ပြီးလျှင် ထို Software ကို Run လိုက်ပါ။
( ၁ ) အောက်ပါပုံအတိုင်း ပေါ်လာလျှင် Cancel ကိုနှိပ်ပါ။


( ၂ ) ပြီးလျှင် Open File ကိုနှိပ်ပါ။





( ၃ ) ပြီးလျှင်တော့ ခုနက Zip ဖြည်ထားတဲ့ Beini ရှိရာကို အောက်ပါအတိုင်း အဆင့်ဆင့် ရွေးပေးရပါမယ်။ 1-> Desktop , 2-> Beini , 3-> Open



( ၄ ) ပီးလျှင်တော့ အောက်ပါအတိုင်း Burn ကိုနှိပ်လိုက်လျှင် Beini CD တစ်ချပ်ရပါပြီ။ သေချာအောင် CD ကို Checking လုပ်ချင် လုပ်နိုင်ပါတယ်။




CD ဖြစ်မြောက်ပြီဆိုလျှင် password ကိုရယူဖို့ အတွက် ၄င်း CD ဖြင့်စက်အား Boot လုပ်၍ ရယူရမည် ဖြစ်သောကြောင့် စက်အား Restart လုပ်ရန် လိုအပ်ပါတယ်။ Boot လုပ်တယ်ဆိုတာ သာမာန်အားဖြင့် စက်အား CD မှတဆင့် windows တင်ရန် Format လုပ်သလိုပါပဲ။ စက်ကို စစဖွင့်ဖွင့်ချင်း Esc, F2, F10 စသဖြင့် မိမိစက်အပေါ်မူတည်၍ နှိပ်ပေးရပါမယ်။ တချို့ စက်တွေကျတော့ ဘာမှနှိပ်စရာမလိုပဲ စက်ထဲ Boot CD ရှိသည်ဆိုလျှင်နှင့် စက်စစဖွင့်ချင်း auto boot လုပ်ပေးပါတယ်။ Boot မလုပ်ခင် မိမိစက်၏ CD Rom ကို Boot လုပ်ပေးနိုင်အောင် Bio Setup လုပ်ထားရပါအုန်းမယ်။ ထို့ အတွက် စက်စစဖွင့်ချင်း F12 ကိုနှိပ်၍ System Setup ထဲဝင်ပါ။ Boot Order မှာ Boot From CD Room ကို Enter Key နှိပ်ပြီး အပေါ်ဆုံးမှာ ထားပေးလိုက်ပါ။ ပြီးလျှင် Exit ( F10 ) ကိုနှိပ်၍ Save လုပ်ကာ ထွက်လိုက်လျှင် Setup ပြီးဆုံးပါပြီ။


( ၁ ) Boot လုပ်လို့  အောင်မြင်သွားလျှင် အောက်ပါပုံအတိုင်း ပေါ်လပါလိမ့်မည်။ ၄င်းမှ ဝိုင်းပြထားသည့် minidwep-gtk ကို ကလစ်နှိပ် ရွေးချယ်ပါ။




( ၂ ) OK ကိုနှိပ်ပါ။




( ၃ ) အောက်ပါပုံအတိုင်း မြင်ရပါလိမ့်မည်။ ထိုအထဲမှ password ရယူနိုင်သည့် wifi မည်မျှရှိသည်ကို ဝိုင်းပြထားသည့် Scan ကိုနှိပ်၍ ရှာပါ။




( ၄ ) အောက်ပါပုံကတော့ Scan ရှာပြီး ရရှိသည့် လိုင်းအရေအတွက် ဖြစ်ပါသည်။ ထိုအထဲမှ မိမိ password ရယူချင်သည့်လိုင်းအား ကလစ်နှိပ်၍ Lanch ကိုနှိပ်ပါ။




( ၅ ) ထိုအခါ password hacking အလုပ်လုပ်နေသည်ကို အောက်ပါပုံအတိုင်း မြင်ရပါလိမ့်မည်။ မျှားပြထားသည့်နေရာသည် IVS ဖြစ်ပြီး ဂဏန်းများ တက်နေသည်ကို တွေ့ ရပါမယ်။ ဂဏန်းအရေအတွက် ၃၀၀၀၀ ကျော်အထိ စောင့်ရန်လိုအပ်ပါတယ်။ ၃၀၀၀၀ နဲ့  ၅၀၀၀၀ ကြားမှာ password ထွက်လာနိုင်ပါတယ်။ password တစ်ခုကို ၁၅မိနစ်မှ မိနစ် ၂၀ခန့်  hack ရပါတယ်။ သတိပြုရန်မှာ hack နေချိန်အတွင်း keyboard မှ space bar ကို မနှိပ်မိစေရန်ပါပဲ။ space bar တစ်ခါနှိပ်လျှင် hack ခြင်းအား ရပ်နေစေပြီး space bar ထပ်မံ နှိပ်ပေးပါက hack ပြန်လုပ်ပေးပါတယ်။ IVS က ကိန်းဂဏန်းပြောင်းလဲရာမှာ ၅ မိနစ်အတွင်း ရပ်တန့် နေတယ်၊ ပြောင်းလဲမှု နှေးကွေးနေတယ်ဆိုရင်တော့ ထိုလိုင်းအတွက် hacking လုပ်ခြင်းကို ရပ်နားပေးလိုက်ပြီး နောက်တစ်ချိန်မှ ထပ် hack ဖို့ မှတ်သားထားပြီး တခြား wifi လိုင်းကို အရင် hack စေချင်ပါတယ်။




( ၆ ) hacking အောင်မြင်သွားပြီဆိုရင်တော့ အေက်ပါပုံအတိုင်း password ထွက်လာပါလိမ့်မယ်။ password ကို Hex key ဆိုပြီး ဖော်ပြထားပါတယ်။ ရေးမှတ်လိုက်ပြီး နောက်ထပ် wifi တစ်ခုကို အထက်ပါအဆင့်အတိုင်း ထပ်မံ hack နိုင်ပါတယ်။




minidwep-gtk ဖြင့် hack ရတာ အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးဖြစ်ပါတယ်။ အားလုံးလဲ နားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လက်တွေ့ ပိုင်း ပိုအားသန်လို့  စာနဲ့ ရေးရှင်းပြတဲ့အခါ ဖတ်ရှုရတာ အဆင်မပြေဖြစ်ခဲ့လျှင် နားလည်ပေးဖို့ တောင်းပန်ပါတယ်။ လောလောဆည် WEP ကိုပဲ hack နိုင်သေးပြီး WPA2-PSK ကိုတော့ လက်လျော့ထားပါတယ်။ တခြား hack နိုင်သူများရှိရင် ဝေမျှပေးဖို့ တောင်းဆိုပါတယ်။


*** Beini Software ဟာ မိမိကိုယ်ပိုင် wifi password ကို ထိုးဖောက်နိုင်ဖို့ အတွက် လေ့ကျင့်ခန်းအနေနဲ့ ထုတ်လုပ်ခြင်းဖြစ်ပါတယ်။ တခြားသူရဲ့ wifi ကို ထိုးဖောက်ခြင်းမပြုပဲ မိမိကိုယ်ပိုင်ကိုသာ ထိုးဖောက်ရန် အလေးအနက် သတိပေးထားခြင်ပါတယ်
သိတတ်လို့ မဟုတ်ဘဲ မသိတာ မရှိစေရန်  ပြန်လည် မျှဝေခြင်းဖြစ်ပါတယ်....
မကောင်းသော ကိုယ်ကျိုးဆောင်ကျဉ်းမှုဖြင့်တော့  အသုံးမပြုစေလိုကြောင်း  
မေတ္တာရပ်ပါရစေ...။

Ref :  http://phyozinlinblogger.blogspot.com
အားလုံးအဆင်ပြေပါစေ.......။

How to Installing Windows XP,7,8 Movie Tutorial !!!


ဒီပိုစ့်လေးကတော့တောင်းဆိုထားတဲ့သူငယ်ချင်းတွေနဲ့အခုမှကွန်ပြူတာစတင်သုံးဆွဲတဲ့သူငယ်ချင်းတွေအ
တွက်ဝင်ဒိုးတင်ရတာအဆင်ပြေအောင်ဘယ်လိုဝင်းဒိုတင်ရလဲဆိုတာ Movie ဖိုင်လေးနဲ့အပြည့်အစုံသေချာ ရှင်းပြထားခြင်းဖြစ်ပါတယ်။သူငယ်ချင်းတို့ကြိုက်နှစ်သက်တဲ့ဝင်းဒိုးတင်နည်းကိုရွေးချယ်ပြီးဒေါင်းလော့စ်ချနိုင်
ပါတယ်။ဝင်းဒို3းခုလုံးကိုတစ်ဖိုင်ချင်းသီးသန့်အဖြစ်ခွဲထားပါတယ်။အားလုံးပဲအဆင်ပြေကြမယ်လို့ထင်ပါတယ်။


ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ 

သူငယ်ချင်းတွေလည်း ရှယ် လိုက်ပါနော်...

                                          Windows XP User တွေအတွက်

http://bc.vc/L6kSrD 
(or)
 
                  ဒေါင်းလော့စ်ဆိုဒ်ကိုရောက်လျှင်အောက်ကိုဆင်းသွားပါ။  Slowdownlod
               ကိုနှိပ်ပါ။ဒေါင်းလော့စ်ပေါ်လာလျှင်အမှန်ချစ်ဖြုတ်ပြီးဒေါင်းလော့စ်ကိုနှိပ်ဒေါင်းပါ။
http://adfoc.us/14251336263853 
Windows 7  User တွေအတွက်
http://bc.vc/CKDaO7 
(or)
 
                     ဒေါင်းလော့စ်ဆိုဒ်ကိုရောက်လျှင်အောက်ကိုဆင်းသွားပါ။  Slowdownlod
                 ကိုနှိပ်ပါ။ဒေါင်းလော့စ်ပေါ်လာလျှင်အမှန်ချစ်ဖြုတ်ပြီးဒေါင်းလော့စ်ကိုနှိပ်ဒေါင်းပါ။
http://adfoc.us/14251336263903 
Windows 8  User တွေအတွက်
http://bc.vc/azADOE 
(or)
            Skip ကျော်ပြီး ဒေါင်းလော့စ်ဆိုဒ်ကိုရောက်လျှင်အောက်ကိုဆင်းသွားပါ။  Slowdownlod
                 ကိုနှိပ်ပါ။ဒေါင်းလော့စ်ပေါ်လာလျှင်အမှန်ချစ်ဖြုတ်ပြီးဒေါင်းလော့စ်ကိုနှိပ်ဒေါင်းပါ။
http://adfoc.us/14251336263960 
နည်းပညာမြို့တော်