Android ဖုန်း ဘာကြောင့် လေးလံလာရသလဲ..?

'Android ဖုန်း ဘာကြောင့် လေးလံလာရသလဲ..?

Android phone တွေဟာဝယ်ကာစကတော့ သုံးရတာသွက်သွက်လက်လက်ပါပဲ ။ 
ဒါပေမယ့် ၀ယ်ပြီး တစ်လ (သို့မဟုတ်) ရက်သတ္တပတ်များစွာအကြာမှာတော့ ဖုန်းရဲ့ performance က အနည်းငယ်ကျဆင်းစပြုနေပါပြီ။

ဘာကြောင့် လေးလံလာရသလဲ ?
အဓိကအကြောင်းအရင်းကတော့  ဖုန်းထဲမှာဆော့ဝဲပေါင်းများစွာ
တစ်ပြိုင်နက် run နေကြတဲ့အချက်ဖြစ်ပါတယ်။ ကိုယ်က ဆော့လ်ဝဲကိုဖွင့်မထားပေမယ့်လည်း ဖုန်းထဲကဆော့လ်ဝဲတစ်ခုကိုအသုံးပြုပြီးတိုင်း ဆော့လ်ဝဲထဲကနေ ပြန်ထွက်သော်လည်း Android OS က ယင်းဆော့ဝဲလ်ကိုအပြီးတိုင်ပိတ်မပေးပါဘူး ။ နောင်တစ်ချိန် ဒီဆော့ဝဲကိုပြန်သုံးတဲ့အခါ လျင်လျင်မြန်မြန်နဲ့တက်လာစေရန်အတွက်ဖြစ်ပါတယ်။ ဒါပေမယ့် ယင်းကဲ့သို့ ဖုန်းထဲမှာဆော့ဝဲတွေတစ်ပြိုင်နက် run ကုန်တဲ့အခါကျတော့ ဖုန်းက သုံးရတာနှေးလာပါတယ်။ ဖုန်းမှာ ပါဝင်တဲ့အတွင်း hardware ပစ္စည်းတွေရဲ့လုပ်ဆောင်နိုင်စွမ်း ၊ quality ကလည်း ဖုန်း performance ကျဆင်းရခြင်းရဲ့အကြောင်းအရင်းတစ်ချက်ဖြစ်ပါတယ်။

ဒါဆိုရင် အသုံးပြုရတာ ပြန်လည်ကောင်းမွန်လာအောင် ဘာတွေလုပ်ရမလဲ?
ဖုန်းရဲ့ Performance , speed ကိုပြန်လည်မြှင့်တင်ပေးတဲ့ ၊ ဖုန်းထဲက အသုံးမလိုတဲ့ ဖိုင်တွေကိုဖယ်ရှားရှင်းလင်းပေးတဲ့ Cleaner ဆော့ဝဲလ်တွေများစွာရှိပါတယ်။ ဖုန်းထဲမှာ ကိုယ်သုံးလိုက်တဲ့ဆော့ဝဲတွေဟာ နောက်ကွယ်( Background) မှာအမြဲ run နေပြီး ဖုန်းရဲ့ memory နေရာလွတ်တွေကို ဒီဆော့ဝဲတွေက အမြဲနေရာယူနေတဲ့အတွက် ဖုန်းရဲ့ performance ကိုကျဆင်းစေပါတယ်။ တစ်ချို့ users တွေကတော့ ဖုန်းသုံးရတာလေးနေရင် Task Killer ဆော့ဝဲတွေသုံးလေ့ရှိကြပါတယ်။ ဒါပေမယ့် task killer ဆော့ဝဲတွေဟာ Background မှာ run နေတဲ့ဆော့ဝဲတွေတင်သာမက တစ်ချို့ မဖြစ်မနေ run ရမယ့် system app တစ်ချို့ကိုပါ ရပ်ဆိုင်းဖြစ်တာကြောင့် အသုံးပြုဖို့မသင့်ပါဘူး ။ ဒါကြောင့် ဖုန်းသုံးရတာလေးလံလာပြီဆိုရင် ဖြေရှင်းရမယ့် အဓိကအချက်က နောက်ကွယ်မှာ အမြဲ run နေဖို့မလိုအပ်တဲ့ ဆော့ဝဲတွေကိုေ၇ွးချယ်ရပ်ဆိုင်းပစ်ခြင်းကသာ အဓိကဖြေရှင်းနည်းဖြစ်ပါတယ်။
နောက်ကွယ်မှာ run နေကြတဲ့ ဆော့ဝဲအရေအတွက် ၊ အမျိုးအစားများအား ကန့်သတ်ပစ်ခြင်း
————————————————————————————–
Google Play မှာအခမဲ့ရယူနိုင်တဲ့ ဆော့ဝဲဖြစ်တဲ့ Greenify ဟာ သင့်ဖုန်းမှာ သွင်းထားတဲ့ ဆော့ဝဲတွေကို auto မ run နိုင်အောင်ပြုလုပ်ပေးနိုင်ခြင်း ၊ Background မှာ run နေတဲ့ဆော့ဝဲတွေထဲကမှ အမြဲ run နေဖို့မလိုအပ်တဲ့ဆော့ဝဲများကိုသာေ၇ွးချယ် ပိတ်ပစ်ပေးခြင်း နဲ့အခြားသော Cleaning process တွေလုပ်ဆောင်ပေးနိုင်ပါတယ်။ Greenify ဆော့ဝဲလ်ဟာ ၂၀၁၃ ခုနှစ်ရဲ့ အကောင်းဆုံး Android Application စာရင်းထဲမှာပါဝင်ခဲ့တဲ့ ဆော့ဝဲလ်တစ်ခုဖြစ်ပါတယ်။ Greenify ကိုတော့ အောက်က link ကနေရယူနိုင်မှာပါ။

download link…
http://www.apkpackages.net/greenify-2-4-3-beta-1-apk-mod/629

Live Wallpaper နဲ့ Animation များကိုဖယ်ရှားခြင်း
ဖုန်းမှာ Live wallpaper နဲ့အခြားသော Animation များကို run ထားစေခြင်းဟာလည်း ဖုန်းကိုအသုံးပြုရနှေးကွေးစေတဲ့အကြောင်းအရင်းထဲမှာ အပါအ၀င်ပဲဖြစ်ပါတယ်။  ဒါကြောင့် Animation တွေကိုမလိုအပ်ဘူးဆိုရင် ပိတ်ထားသင့်ပါတယ်။ Android version 2.3 ရဲ့ Display Setting ထဲမှာ Animation function ပါပြီး ယင်း function ထဲကိုဝင်ပြီး No Animation လုပ်ထားနိုင်သလို Android version 4.0 နှင့်အထက်မှာလည်း setting ထဲက Developer Option ထဲမှာ Windows Animation Scale ဆိုတဲ့ function ပါဝင်ပါတယ်။ ယင်း function ထဲကိုဝင်ပြီး Animation Off လုပ်ထားနိုင်ပါတယ်။

ဖုန်းရဲ့ Internal Memory Free space ကိုတိုးစေခြင်း …
ဖုန်းမှာ Background app process တွေ run မထားသော်လည်း ဖုန်းရဲ့ Internal Memory Free space နည်းနေရင်လည်း အသုံးပြုရတာလေးလံနေဦးမှာဖြစ်ပါတယ်။  Android app , game တစ်ချို့ဟာ ဖုန်းရဲ့ Internal Memory ကိုသူတို့ရဲ့ data တွေသိမ်းဆည်းဖို့အသုံးပြုလေ့ရှိပါတယ်။
ဒါမျိုးဆော့ဝဲတွေကိုများများသွင်းထားရင်တော့ ဖုန်းက သိပ်မကြာခင်မှာပဲအသုံးပြုရတာလေးလံလာမှာပါ။ ဖုန်းရဲ့ Internal Memory Free space ကိုသေချာရှင်းလင်းပေးနိုင်ဖို့ဆိုရင်တော့  AppMgr III (App 2 SD) လိုမျိုးဆော့ဝဲကို သုံးသင့်ပါတယ်။ ယင်းဆော့ဝဲက ဖုန်းရဲ့ internal memory ထဲမှာသိမ်းဆည်းထားတဲ့ဖိုင်များကို SD Card ထဲသို့လွယ်ကူစွာရွှေ့ပြောင်းပေးနိုင်ပါတယ်။ ဖုန်းရဲ့ Internal Memory ထဲမှာ ခဏတာသိုလှောင်ထားတဲ့ Temporary file များနဲ့ cache file တွေကိုတော့ Clean Master ကဲ့သို့သော ဆော့ဝဲမျိုးကိုအသုံးပြု၍ ရှင်းလင်းနိုင်ပါတယ်။

Home Screen ပေါ်မှာမလိုအပ်တဲ့ Widget များကိုဖယ်ရှားပစ်ခြင်း…
Home Screen ပေါ်မှာတင်ထားတဲ့ Widget များ ၊ ဥပမာအားဖြင့် သတင်း widget လိုအရာမျိုးတွေဟာ ဆော့ဝဲကိုမဖွင့်ရင်တောင်မှ Widget ပေါ်မှာ သတင်းကတော့ ပုံမှန်ပေါ်နေမှာဖြစ်ပါတယ်။ ယင်းကဲ့သို့ သတင်း update ပုံမှန်တက်နေဖို့အတွက် Background မှာလည်း ယင်း widget ရဲ့ process ကအမြဲ run နေမှာဖြစ်ပါတယ်။ ဒီလို Widget မျိုးတွေဖုန်းရဲ့ Home Screen ပေါ်မှာများများတင်ထားမယ်ဆိုရင်လည်း Background process တွေများသွားတဲ့အတွက် ဖုန်းကအသုံးပြုရတာ နှေးနေ လေးနေဦးမှာဖြစ်ပါတယ်။ ဒါကြောင့် သိပ်မလိုတဲ့ Widget တွေကိုလည်း ဖုန်းရဲ့ Home Screen ကနေဖယ်ရှားထားသင့်ပါတယ်။
ဒီအချက်တွေပြည့်စုံစွာလုပ်ဆောင်ပြီးပြီဆိုရင်တော့ သင့်ဖုန်းရဲ့ လုပ်ဆောင်မှု့တွေဟာ ပိုမိုလျှင်မြန်လာတာကို
တွေ့ရမှာပါ…
အဆင်ပြေပါစေ…PHYO.WAI.OO
M.O.K'
Android phone တွေဟာဝယ်ကာစကတော့ သုံးရတာသွက်သွက်လက်လက်ပါပဲ ။
ဒါပေမယ့် ၀ယ်ပြီး တစ်လ (သို့မဟုတ်) ရက်သတ္တပတ်များစွာအကြာမှာတော့ ဖုန်းရဲ့ performance က အနည်းငယ်ကျဆင်းစပြုနေပါပြီ။
ဘာကြောင့် လေးလံလာရသလဲ ?
အဓိကအကြောင်းအရင်းကတော့ ဖုန်းထဲမှာဆော့ဝဲပေါင်းများစွာ
တစ်ပြိုင်နက် run နေကြတဲ့အချက်ဖြစ်ပါတယ်။ ကိုယ်က ဆော့လ်ဝဲကိုဖွင့်မထားပေမယ့်လည်း ဖုန်းထဲကဆော့လ်ဝဲတစ်ခုကိုအသုံးပြုပြီးတိုင်း ဆော့လ်ဝဲထဲကနေ ပြန်ထွက်သော်လည်း Android OS က ယင်းဆော့ဝဲလ်ကိုအပြီးတိုင်ပိတ်မပေးပါဘူး ။ နောင်တစ်ချိန် ဒီဆော့ဝဲကိုပြန်သုံးတဲ့အခါ

Phone အသုံးပြု့လျှင် သတိထားရမည့် အချက်များ....

'Phone အသုံးပြု့လျှင် သတိထားရမည့် အချက်များ....

Phone ကိုင်လျှင် သတိထားရမည့်အရာများ
Phone Setting
ကျွန်တော်သိသ၍၊တတ်သ၍လေးပြောပြသွားမှာပါ
ဖုန်းရဲ့ Setting ထဲဝင်လျှင် Security ထဲကို မဝင်စေချင်ပါဘူး၊၊Security ထဲမှာ ဖုန်းရဲ့ Password ချတဲ့Screen Lock ဆိုတာရှိပါတယ်၊၊ဒီကောင်က ကိုယ့်ရဲ့ဖုန်းကို တစ်ခြားသူများ မကိုင်စေရန် Password ချထားခြင်းပါ၊၊တစ်ကယ်လို့ တစ်ယောက်ယောက်က Password မသိဘဲ ထင်ရာလျှောက်လုပ်ရင် Screen Lock ကျသွားတတ်ပါတယ်၊၊ဘာမှလုပ်မရတော့ဘဲ ဖုန်းရဲ့ အဝင်Call ကိုပဲ လက်ခံပေးသွားပါလိမ့်မယ်၊၊အကောင်းဆုံးက Screen Lock မချတာ အကောင်းဆုံးပါပဲ၊၊တစ်ယောက်တည်း၊တစ်ကိုယ်တည်းသုံးရင် ကိစ္စမရှိပါဘူး၊၊တစ်ယောက်ယောက်က လက်ဆော့ပြီးလုပ်သွားရင် မလွယ်ပါဘူး၊၊Password ကို 10 ကြိမ်တောင်းပါတယ်၊၊ဒါပေမယ့် ဖုန်းတစ်လုံးနဲ့ တစ်လုံးမတူပါဘူး၊၊တောင်းနေစဉ်မှာ Password ကို မှန်ကန်အောင်ပြန်ရိုက်နိုင်ရင် အဆင်ပြေပါတယ်၊၊ပြန်မရိုက်နိုင်ရင်တော့ တစ်ကယ် ဆိုင်ကိုပို့ဖို့ပြင်လိုက်ပါ၊၊

Samsung Galaxy Ace ဆိုရင်တော့ Screen Lock ကျတာကို ကျွန်တော်ရပါတယ်၊၊နောက်ကျရင် Post တစ်ခုအနေနဲ့ ကျွန်တော်တင်ပေးပါ့မယ်၊၊
အရေးကြီးဆုံးက Sim Card Lock ထဲမဝင်ပါနဲ့၊၊အန္တရာယ် အကြီးဆုံးပါပဲ၊၊ကိုယ့်အိမ်က ငယ်ရွယ်သူ ကလေးတွေ ထင်ရာလျှောက်နှိပ်ပြီး ဒုက္ခရောက်တတ်ပါတယ်ဗျ၊၊
Sim Card Lock ကျသွားပြီဆိုရင်တော့ သူလဲ အကြိမ်အရေအတွက်နဲ့တောင်းပါတယ်၊၊Sim Card ရဲ့နောက်က Coad နံပတ်လေးတွေ ရိုက်ထည့်ပေးရင် ရနိုင်ပေမယ့် ထင်ရာလျှောက်လုပ်ရင် Sim Lock ကျသွားမှာ အသေအချာပါပဲဗျာ၊၊
Screen Lock ရယ်
Sim Lockရယ်
Setting ထဲက သတိထားစရာ အချက်နှစ်ချက်ပါနော်
Software များသုံးခြင်း
ကိုယ်အသုံးမပြုသော Software များအသုံးမပြုဘဲ ကိုယ့်ဖုန်းမှာ install လုပ်ထားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်၊၊ကိုယ်မသုံးတဲ့ Software ကအင်တာနက်နဲ့အသုံးပြုရတာဆိုရင် ပိုဆိုးပါတယ်၊၊ကျန်တဲ့ Softwareတွေအတွက် အင်တာနက်လိုင်းမကောင်းတော့ပါဘူးဗျ၊၊
နောက်တစ်ချက်က သတင်း Apk များ ဖြစ်ပါတယ်၊၊ကျွန်တော်တို့က အင်တာနက်ဖွင့်လိုက်တာနဲ့ သတင်းApkတွေက အလိုအလျောက် Update လုပ်နေပါတယ်၊၊နောက်ခံ Update လုပ်နေတဲ့အတွက် ဖုန်းရဲ့ အင်တာနက် လိုင်းကို ပို၍နှေးကွေးစေပါတယ်၊၊Feed များရင်များသလို ပိုဆိုးပါတယ်ဗျ၊၊ဒါကြောင့် သတင်း Apk ထဲကိုဝင် Setting ထဲက Synchronization  ထဲက Automatic background က အမှန်ခြစ်ကို ဖြုတ်ထားပါဗျ၊၊ဒါမှ အင်တာနက်လိုင်း နည်းနည်းကောင်းလာမယ်၊၊သတင်းရယူချင်မှ သတင်းအသစ်ယူရန်နှိပ်ပါ ဆိုတဲ့ နေရာကို နှိပ်ပေးပါ၊၊
SuperUser
ဒီကောင်ကလည်း သတိထားစရာပါ၊၊
Super Userထဲမှာ ကိုယ်အသုံးမပြုချင်တဲ့ Apk & Softwareတွေကို မကြိုက်ရင် ဖြတ်ချလို့ ရပါတယ်၊၊ဖုန်းရဲ့ ဖျက်မရဘူးဆိုတဲ့ Software တွေကို SuperUserထဲမှာ ဖျက်ချင်ရင်လွယ်ကူသလို ဖုန်းရဲ့ Rom Fileတွေ၊Error File အစရှိသဖြင့် မှားဖျက်ရင် မကောင်းပါဘူး၊၊နောက်ပြီး အခြားအသုံးဝင်၊အရေးကြီးတဲ့ Settingတို့ Gallary တို့ ဖျက်မိရင်တော့ Firmware ထပ်တင်ဖို့ စိက်ကူးပါတော့၊၊
ဒါကြောင် SuperUserထဲမဝင်ပါနဲ့၊၊သူငယ်ချင်းတစ်ယောက်မှာ ကြုံတွေ့ဖူးလို့ပြောပြတာပါ၊၊
Running
Running များတဲ့ Software တွေ Launcherတွေ Toolboxတွေ Battery ပြ Software တွေကို တတ်နိုင်ရင်အသုံးမပြုဘဲ ထားပေးပါ၊၊
ဒီကောင်တွေက ဖုန်းရဲ့ Battery ကို ပိုပြီးတော့ ကုန်စေပါတယ်၊၊ဖုန်းလဲလေးလံစေပါတယ်၊၊MB များရင် ပိုဆိုးရွားပါတယ်၊၊
အဆင်ပြေပါစေ....'
Phone ကိုင်လျှင် သတိထားရမည့်အရာများ
Phone Setting
ကျွန်တော်သိသ၍၊တတ်သ၍လေးပြောပြသွားမှာပါ
ဖုန်းရဲ့ Setting ထဲဝင်လျှင် Security ထဲကို မဝင်စေချင်ပါဘူး၊၊Security ထဲမှာ ဖုန်းရဲ့ Password ချတဲ့Screen Lock ဆိုတာရှိပါတယ်၊၊ဒီကောင်က ကိုယ့်ရဲ့ဖုန်းကို တစ်ခြားသူများ မကိုင်စေရန် Password ချထားခြင်းပါ၊၊တစ်ကယ်လို့ တစ်ယောက်ယောက်က Password မသိဘဲ ထင်ရာလျှောက်လုပ်ရင် Screen Lock ကျသွားတတ်ပါတယ်၊၊ဘာမှလုပ်မရတော့ဘဲ ဖုန်းရဲ့ အဝင်Call ကိုပဲ

Fast Facebook Video Downloader v1.1.6


ဖုန်းထဲကနေ facebook က video တွေကို download ဆွဲချင်တဲ့ သူတွေအတွက် Fast Facebook Video Downloader လေးကို တင်ပေးလိုက်ပါတယ်
အသုံးပြုရတာလည်း လွယ်လွယ်လေးပါ

အခွေ ဘန်းချင်သူများအတွက် Astroburn Pro

 Audio,Movie,Data Files များကို CD/DVD မှာ Burn ပြုလုပ်ရာမှာ အလွယ်ကူဆုံးနဲ့ အပေါ့ပါးဆုံး ဆော့ဝဲလေးတခုပါ။Creat,Copy,Burn,Erase Disc လုပ်နိုင်ပြီးသုံးရတာ လွယ်ကူပါတယ်။ 

HTC desire 816 4.4.2 ဖုန်းတွေကို Root လုပ်နည်း အပြည့်အစုံ

မင်္ဂလာပါ
FB မှ ညီအကိုတစ်ယောက်တောင်းဆိုထားတာလေးပါ
HTC desire 816 4.4.2 ဖုန်းတွေကို Root လုပ်နည်းကို
တင်ပေးပါဦးဆိုလို့ အားလုံးလည်း အဆင်ပြေသွားအောင်
တင်ပေးလိုက်ပါတယ်။

 ဖုန်းကို Root မလုပ်မှီတော့ သင့်ဖုန်းရဲ့ ဘက်ထရီအားကတော့
အနည်းဆုံး 70 to 80% ရာခိုင်နှုန်းလောက်ရှိထားသင့်ပါတယ်။

Samsung Galaxy S3 Neo ဖုန်း​တွေအတွက်​ Galaxy A3 Firmware

 
မင်္ဂလာပါခင်​ဗျာ
ဒီ​နေ့​တော့Samsung Galaxy S3ဖုန်း​တွေအတွက်​ Galaxy A3 Firmware​လေးကို
[ဇူးနစ်​(နည်းပညာ)]ဆိုဒ်​က​နေ​တွေ့လို့တင်​​ပေးလိုက်​ပါတယ်​။
FirmwareကိုCWNဖြင့်​တင်​ယူရမှာဖြစ်​ပါတယ်​။
အပြည့်​အစုံသိချင်​ရင်​​တော့​အောက်​ပါLinkက​နေသွားကြည့်​ပါ။

Free Video Editor (Windows)




Video Editing ကို အသုံးပြုလိုသူများအတွက် အခမဲ့အသုံးပြုနိုင်မည့် ဆော့ဖ်ဝဲ တစ်ခုဖြစ်သည်။ Free Video Editor ဆောဖ့်ဝဲသည် အသုံးပြုရ လွယ်ကူပြီး စတင်သုံးစွဲသူများပင် အလွယ်တကူ အသုံးပြုနိုင်စေရန် အတွက် စီစဉ်ပေးထားပြီး File Format အများအပြားကို အထောက်အပံ့ပေးနိုင်ရန် စီစဉ်ပေးထားသည့် ဆော့ဖ်ဝဲတစ်ခုဖြစ်သည်။

Hexamob Recovery PRO Undelete v5.01 APK

မိမိ ဖုန်းထဲမှာ မှားပြီးဖျက်မိသော DATA File များကိုပြန်ယူလို့ ရပါတယ် 
လိုချင်လျှင် အောက်မှာဒေါင်းလုပ်ယူလိုက်ပါ
မိမိဖုန်းမှာ Root ရှိရမယ် ...file size ( 10.31 mb )

AppMgr Pro III (App 2 SD) v3.40 APK

AppMgr Pro III (App 2 SD) v3.40 APK သုံးတတ်မယ်လို့ ထင်ပါတယ် ...
မပြောတော့ဘူးနော် .... လိုချင်လျှင် အောက်မှာ ဒေါင်းလုပ် ကိုနှိပ်ပြီးယူလိုက်ပါ ..
File Size 2.99 mb

IOS8 CLauncher Theme

i phone style theme ပြောင်းသုံးချင်လျှင်
အောက်မှာဒေါင်းလုပ်ကို နှိပ်ပြီး ယူလိုက်ပါ ...

1Tap Cleaner Pro v2.40 APK

မိမိဖုန်းလေးလံ နေတဲ့အခါ ဒီ
1Tap Cleaner Pro v2.40 APK လေးနဲ့ ရှင်းလိုက်ပါ ကိုယ့်ရဲ့ဖုန်းသွက်လက်ပေါ့ပါး
သွားပါလိမ့်မယ်....လိုချင်လျှင်အောက်မှာဒေါင်းလုပ် ကိုနှိပ်ပြီးယူလိုက်ပါ ...
ဖိုင်ဆိုဒ် ( 2.55 mb )

The King of Chess (Chess) v13.09.27 APK

CHESS ထိုး ကစားတာဝါသနာပါသူများအတွက် လိုချင်လျှင်အောက်မှာ 
ဒေါင်းလုပ် ကိုနှိပ်ပြီးယူလိုက်ပါ .......
ဖိုင်ဆိုဒ် 3.82 mb